စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့၊ မြောင်မြို့နှင့် မြင်းမူမြို့တို့ရှိ Quarantine Center နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

articles_advs

မုံရွာ ၁၆ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲ ၂ နာရီက မုံရွာမြို့ စီးပွားရေးတက္ကသိုလ်၊ နန္ဒဝန်ရပ်ကွက် ဝန်ထမ်းအိမ်ရာစခန်း၊ ဒေါနခြံရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော Quarantine Center သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး Mask များ၊ လက်ဆေးရည်ဘူး Hand Gel များနှင့် PPE ဝတ်စုံများအပြင် ကလေးငယ်များအတွက် ကာယဉာဏဖွံ့ဖြိုးရေး ကစားစရာမျိုးစုံတို့ကို တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ မြောင်မြို့နယ် မြို့တော်ခန်းမနှင့် မြင်းမူမြို့ တိုင်းရင်းဆေးရုံတွင် ဖွင့်လှစ်ထားရှိသော Quarantine Center များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး Mask များ၊ လက်ဆေးရည်ဘူး Hand Gel များနှင့် PPE ဝတ်စုံများအပြင် ကလေးငယ်များအတွက် ကာယဉာဏဖွံ့ဖြိုးရေး ကစားစရာမျိုးစုံတို့ကို တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)