စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်၊ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ ဧပြီ ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီး နမ့်ပင ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းမှ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ အားဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Powerf Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်းကြီးသည် ဟုမ္မလင်းမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံစေရေးတို့အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါ၍ တည်ဆောက်ရေးတာဝန်ခံများမှ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် တည်ဆောက်ပြီးစီးရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ တာဝန်ယူဆောင်ရွက်နေမှုများအပေါ် စေတနာထားကာ ဝန်ထမ်းကောင်းပီသစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တည်ဆောက်ရေးကုန်ကြမ်းများ လုပ်ငန်းခွင်အတွင်း အချိန်မီရောက်ရှိရေး မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာများအား အလေးထားဆောင်ရွက်သွားကြရန်လို အပ်ကြောင်းတို့အား အသေးစိတ်မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း၌ ဆောင်ရွက်နေသည့် ပင်မတမံကွန် ကရစ်သွန်းလောင်းနေမှုနှင့် ရေယူအဆောက်အဦ တည်ဆောက်နေမှုလုပ်ငန်းများအား လိုက်လံရှင်းလင်းပြသမှုများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

 

အဆိုပါ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇ ဒသမ ၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင် တည်ရှိ၍ Concrete Gravity Dam တမံအမျိုးအစားဖြစ်သည်။ တပ်ဆင်စက်အင်အား ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၄ ဒသမ ၆၈ သန်း ကီလိုဝပ်နာရီပျဉ်းမျှ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကာ ယခုအချိန်တွင် လုပ်ငန်းအားလုံး၏ ၅၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူတည် ဆောက်နေသည့် ဟုမ္မလင်း၊ ညောင်ပင်သာ၊ မြောက်ကုန်း၊ ဗျူဟာဆက်လမ်းပေါ်ရှိ အရှည်- ၈၀ ပေ၊ အကျယ်- ၂၀ ပေ၊ RCC ကွန်ကရစ်တံ တားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)