စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်၌ ရေရရှိရေးလုပ်ငန်း ၁၈၁ ခု ဆောင်ရွက်မည်

မုံရွာ၊ ၂၅ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်၌ နွေရာသီတွင် သောက်သုံးရေလုံလောက်စွာ ရရှိနိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရေရရှိရေးလုပ်ငန်း ၁၈၁ ခု ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

 

အဆိုပါ မြို့နယ် ၃၇ မြို့နယ်၌ ရေရှားပါးမှုဖြစ်နိုင်သော ကျေးရွာများအား ပြည်ထောင်စုဘတ်ဂျက်ဖြင့် တွင်းတိမ် ၂ တွင်း၊ တွင်းနက် ၈၂ တွင်း၊ လက်တူးတွင်း ၃ တွင်း၊ ရေကန် ၁ ကန်၊ စိမ့်စမ်းရေသွယ်တန်းခြင်း ၂၃ ခု၊  အခြားဆက်စပ်လုပ်ငန်း ၁၄ ခု စုစုပေါင်း ၁၂၅ ခုအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၂၄၀၈ ဒသမ ၆၈၈၆ သန်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် တွင်းတိမ် ၁ တွင်း၊ တွင်းနက် ၃၄ တွင်း၊ လက်တူးတွင်း ၁ တွင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်း ၁၄ ခုနှင့် အခြားဆက်စပ်လုပ်ငန်း ၆ ခု စုစုပေါင်း ၅၆ ခုအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၉၁၈ ဒသမ ၉၈ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မွှေးကြူဇင်