စစ်မှုထမ်းဆောင်နေစဉ်အတွင်း အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပါ့ခ်ဘိုဂန်း

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့မင်းသားတစ်ဦးဖြစ်သူ ပါ့ခ်ဘိုဂန်းဟာ လက်ရှိမှာ စစ်မှုထမ်းဆောင် နေတာဖြစ်ပြီး သူ့ရဲ့ စစ်မှုထမ်းဆောင်နေတဲ့ကာလအတွင်းမှာပင် ရေတပ်ရဲ့ အမျိုးသားတေးဂီတ ဖျော်ဖြေပွဲမှာ အခမ်းအနားမှူးအဖြစ် ပါဝင်လုပ်ဆောင်ခဲ့ကြောင်း အားကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက် တွေအရ သိရပါတယ်။

ပါ့ခ်ဘိုဂန်းဟာ အောက်တိုဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ ရေတပ်အမျိုးသားတေးဂီတဖျော်ဖြေပွဲမှာ အခမ်းအနားမှူးအဖြစ် လုပ်ဆောင်ခဲ့တာပါ။ အဆိုပါအစီအစဉ်မှ ပါ့ခ်ဘိုဂန်းရဲ့ ပုံရိပ်တွေဟာ လက်ရှိမှာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာကိုလည်း တွေ့ရပါတယ်။ ပေါ့ခ်ဘိုဂန်းဟာ လာမယ့်ခြောက်လအတွင်း စစ်မှုထမ်းဆောင်မှု ပြီးဆုံးတော့မှာလည်း ဖြစ်ပါတယ်။ ပါ့ခ်ဘိုဂန်းရဲ့ ပရိသတ်တွေကတော့ အချိန်တွေ အကုန်မြန်ခြင်း၊ ပါ့ခ်ဘိုဂန်းကို မကြာမီအနုပညာလှုပ်ရှားမှု အသစ်တွေနဲ့အတူ တွေ့မြင်ရတော့မှာ ဖြစ်တဲ့အတွက် ဝမ်းမြောက်ကြောင်း စသည်ဖြင့် အွန်လိုင်းမီဒီယာပေါ်မှာ ရေးသားဖော်ပြခဲ့ကြတာကို လည်း တွေ့ရပါတယ်။

အေးပြည့်