စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်မှ ငွေများအား အမျိုးသား ၄ ဦးက လာရောက်လုယက်ထွက်ပြေး

နေပြည်တော် ၁၀ ဇွန်

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်အား ယနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် Hi-jet အမျိုးအစားမော်တော်ယာဉ် ၁ စီးဖြင့် အမည်မသိအမျိုးသား ၄ ဦး ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ အသင့်ယူဆောင်လာသည့် ဓားများဖြင့် ခြိမ်းခြောက်၍ ဘဏ်မှ ငွေကျပ်သိန်း ၁၈၀ဝ ခန့်အား ယူဆောင်သွားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်နှင့်အတူ အမျိုးသား ၁ ဦး ဖမ်းဆီးရမိပြီး ကျန်သူများမှာ လုယူသွားသည့် ငွေများနှင့်အတူ ထွက်ပြေးနေဆဲဖြစ်ကြောင်း၊ လွတ်မြောက်သွားသူများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

MDN

Photo: တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့