စစ်တွေနှင့် အမ်းမြို့တို့၌ AA အကြမ်းဖက်သောင်းကျန်းသူများ ဖမ်းဆီးရမိ

နေပြည်တော် ၁၄ ဩဂုတ်

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဩဂုတ်၁၂ ရက် မွန်းလွဲပိုင်း တွင် အကြမ်းဖက်သောင်းကျန်းသူသုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် စစ်တွေမြို့ အဝင် ကျောက်တန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များ သည် ဩဂုတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ မောင်းနှင်လာသော TVS အမျိုးအစား သုံးဘီးယာဉ်များ ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ စစ်တွေမြို့နေ ကျော်ကျော်ဝင်း ၃၃ နှစ်နှင့် စစ်တွေမြို့နေ ဦးသာဇံ ၃၀ နှစ်၊ မြေပုံမြို့နယ် တမ်ရာရွာနေ ဦးမောင်ပု ၃၇ နှစ်တို့အား AA လက်မောင်းတံဆိပ်နှင့် ARAKAN ARMY စာတန်းပါ စစ်စိမ်းရောင် ယူနီဖောင်း ၁ စုံ၊ ပြောက်ကျား ဘောင်းဘီ ၁ထည်၊ M အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်မှုမှတ်တမ်းများ၊ အထောက်အထားအချက်အလက်များပါရှိသည့် ဖုန်း ၂လုံး၊ ငွေကျပ် ၁၂ သိန်း နှင့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀၀ (မူးယစ်ဆေးဝါး ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၂ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီး ရမိသည့် M အကြမ်းဖက်သောင်းကျန်းသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်း ဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ အမ်း - မအီ ကားလမ်း၏ အမ်းမြို့ အဝင်အနီး၌ ယာဉ် ဝင်/ထွက် သွားလာမှုများအား စစ်ဆေးလျက်ရှိရာဩဂုတ် ၉ရက် ညနေ၄နာရီခန့်တွင် မအီမှ အမ်းဘက်သို့မောင်းနှင်လာသော လိုင်စင်မဲ့မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့စဉ် ရသေ့တောင်မြို့နယ် ကြက်ရိုးဆိပ်ကျေးရွာနေ ကျော်မင်းထွန်းအား M အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်မှုမှတ်တမ်းများ၊ အထောက် အထား အချက်အလက်များပါရှိသည့် SAMSUNG အမျိုးအစား ဖုန်းနှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ကြောင်း။

စစ်ကြောမေးမြန်းချက်အရ ၎င်းသည် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထံ တပ်မတော်စစ်ကြောင်းများ၊ တပ်မတော်ယာဉ်တန်းများနှင့် တပ်မတော်စစ်ရေယာဉ်များ၏ ဝင်ထွက်သွားလာ လှုပ်ရှားမှုသတင်းများ ပေးပို့ ၊ ရကြောင်းနှင့် ချစ်ပုံကျေးရွာ၌ အိမ်ထောင်စုတစ်စုလျှင် လစဉ် ၂၀၀၀၊ ၃၀၀၀ ကျပ်ခန့် ကောက်ခံ၍ ပေးပို့ရသည်ဟု သိရှိရကြောင်း။

ထို့ကြောင့် MA အကြမ်းဖက်သောင်းကျန်းသူ အမာခံကျော်မင်းထွန်းအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမ်းမြို့နယ်ရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်