စောမိုးမြင့် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ရဲ့ သမ္မတဦးဝင်းမြင့်အပေါ် သဘောထားအမြင်

နေပြည်တော် ၂၈ မတ်

 

ခု သမ္မတအသစ်က အသက်လည်း ငယ်တယ်၊ ကျန်းမာရေးလည်း ကောင်းတယ်၊ အများကြီး သွက်သွက် လက်လက် လုပ်နိုင်မယ်လို့တော့ ယုံကြည်တယ်။ အမှန်တကယ်တော့ ပြောင်းလဲတယ်ဆိုတာ အရင်တုန်းက ကတည်းက စခဲ့တာပါ။ ပြောင်းလဲမှုတွေက ချက်ချင်းတော့ မတက်ဘူး၊ တဖြည်းဖြည်း အရှိန်နဲ့ တက်လာတာလေ။ သမ္မတကြီး ဦးထင်ကျော် လက်ထက်မှာစခဲ့တဲ့ ပြောင်းလဲမှုက သူ့လက်ထက်ကျတော့ အရှိန်အဟုန်ရသွားပြီပေါ့။ ဒီထက်မက ပြောင်းလဲလာလိမ့်မယ်လို့ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြောင်းလဲလာလိမ့်လို့လည်း ယုံကြည်ပါတယ်။

 

တွေ့ဆုံမေးမြန်းသူ - အေးနှင်းညို၊ ဖြိုးစန္ဒာမြင့်၊ မျိုးထက်ဦး နှင့် ဇော်သူအောင် (Myanmar Digital News)