စေတုတ္တရာမြို့နယ် မွန်ဇော်ကျေးရွာအတွင်းရှိ ကျွဲ၊ နွား အကောင်ရေ(၁၉၀)ခန့်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေး ထိုးနှံပေး

စေတုတ္တရာ  ၂၈   ဇူလိုင်       

           

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မွန်ဇော်ကျေးရွာအတွင်းရှိ တောင်သူများ၏  ကျွဲ၊ နွား အကောင်ရေ(၁၉၀)ခန့်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်က ဦးဆောင်၍ မွန်ဇော်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဒေသခံပြည်သူများအား ကာကွယ်ဆေး ထိုးနှံရသည့် အကြောင်းအရင်း၊ ကျွဲ ၊ နွားများတွင် ဖြစ်ပေါ်တတ်သည့် ရောဂါများ အကြောင်း ၊ ရာသီဥတု ပြင်းထန်ခြင်းနှင့် ရာသီအကူးအပြောင်းကာလအတွင်း တိရစ္ဆာန်များတွင် ဖြစ်ပေါ်တတ်သည့် ကူးစက် ရောဂါများအကြောင်းနှင့် ရောဂါလက္ခဏာများ တွေ့ရှိရပါက မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ချက်ခြင်းဆက်သွယ်ဆောင်ရွက်နိုင်ရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

အဆိုပါ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ကျေးရွာများတွင်လည်း ဆက်လက် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                           

စည်သူလွင်(ပြန်/ဆက်)