စေတုတ္တရာမြို့နယ်တွင် ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

စေတုတ္တရာ ၂၁   နိုဝင်ဘာ                    

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ ပဋိဇီဝဆေးယဉ်ပါးမှု အသိပညာပေး ရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေး ဉီးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ အသိပညာပေးဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါက်တာဖိုးကျော်မင်းက ပဋိဇီဝဆေးယဉ်ပါးမှု ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်ရခြင်းအကြောင်းများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဉီးစီးမှူး ဒေါက်တာ ဇော်မျိုးအောင်က ပဋိဇီဝဆေးများ ထုတ်လုပ်သုံးစွဲခြင်း၊ အာနိသင်များ၊ ဆေးဝါးများသုံးစွဲခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ မွေးမြူရေးတောင်သူ (၂၅) ဉီး တက်ရောက်ခဲ့ပြီး တိရိစ္ဆာန်များတွင် ရောဂါအလိုက် အသုံးပြုသော ပဋိဇီဝဆေးများအကြောင်းများ သိရှိစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 စည်သူလွင်(ပြန်/ဆက်)