စျေးဝယ်သူများ၏ လိုအပ်သည်များကို City Mart မှ ကြိုးစားဖြည့်တင်းပေးနေ

၁၅ မတ် 

 

စျေးဝယ်သူ မိဘပြည်သူများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးရန် ပထမဦးစားပေးအဖြစ် သတ်မှတ်ထားပြီး ဆိုင်ခွဲများ၏ စင်များပေါ်တွင် ပစ္စည်းပြတ်လပ်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားဖြည့်တင်းပေးနေပါသည်ဟု City Mart Supermarket Myanmar ၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြထားသည်။

 

ဆက်လက်၍ ယခုကဲ့သို့ ခက်ခဲသည့်အချိန်များတွင် စျေးဝယ်သူမိဘပြည်သူများ၏ နားလည်ပေးမှုကိုလည်း မျှော်လင့်ကြောင်းနှင့် ယခုအခြေအနေကို ကျွန်ုပ်တို့အားလုံးအတူ ဖြတ်သန်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြထားသည်။

 

MDN
Source: #City Mart Supermarket Myanmar