ဆာဒီယိုမာနေးကို ပေါင်သန်း ၁၅၀ နဲ့ ရောင်းချပြီးပါက လီဗာပူးက အမ်ဘတ်ပီကို ပေါင်သန်း ၂၅ဝ နဲ့ ခေါ်ယူမည်

mdn

၁၅ ဧပြီ

 

လီဗာပူးအသင်းဟာ ဆာဒီယိုမာနေးကို ရီးယဲလဲမက်ဒရစ်အသင်းဆီ ရောင်းချပြီးပါက ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

 

ဆီနီဂေါကြယ်ပွင့် ဆာဒီယိုမာနေးဟာ လွန်ခဲ့တဲ့ ၁၈ လတာကာလအတွင်းက လီဗာပူး အသင်းနဲ့အတူ စာချုပ်သစ်တစ်ရပ်ထပ်တိုးချုပ်ဆိုခဲ့တာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ရှိ ဆာဒီယို မာနေးအနေနဲ့ တစ်ပတ်လုပ်ခလစာ ပေါင် တစ်သိန်းခွဲနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့  တာလည်းဖြစ်ပါတယ်။

 

ဒါပေမယ့် သည်ဆန်းသတင်းစာရဲ့ ဖော်ပြချက်မှာတော့ ဆာဒီယိုမာနေးရဲ့ ကိုယ်စားလှယ် ဖြစ်သူက အန်ဖီးလ်ကနေထွက်ခွာဖို့အတွက် အခြားအသင်းတွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေ တယ်လို့ ဆိုပါတယ်။ ဆာဒီယိုမာနေးအနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတာဖြစ်ပြီး လီဗာပူးအသင်း ကလည်း ဆာဒီယိုမာနေးအသင်းကနေ ထွက်ခွာသွားမယ် ဆိုရင် အမ်ဘတ်ပီနဲ့ အစားထိုးသွားမယ်လို့ ဆိုပါတယ်။

 

လီဗာပူးအသင်းအနေနဲ့ ဆာဒီယိုမာနေးကို ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ နဲ့ ရောင်းချဖို့ ရှိနေတာဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီကိုတော့ ပြောင်းရွှေ့ကြေးပေါင်သန်း ၂၅ဝ ပေးပြီး ခေါ်ယူရဖို့ ရှိနေတာဖြစ်ပါတယ်။

 

လီဗာပူးအသင်းဟာ တိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူမယ်ဆိုရင် တစ်ပတ်လုပ်ခလစာပေါင် လေးသိန်းပေးရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ လီဗာပူးအသင်းနည်းပြ ကလော့က တိုက်စစ်ပိုင်း အတွက် တီမိုဝါနာနဲ့ ဂျာဒန်ဆန်ချိုတို့ကိုလည်း ခေါ်ယူဖို့စီစဉ်နေပြီး အဲဒီကြယ်ပွင့်ကစားသမား နှစ်ဦးထဲက တီမိုဝါနာတစ်ဦးသာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ လာဖွယ်ရှိနေတာဖြစ်ပါတယ်။  ဂျာဒန်ဆန်ချိုကတော့ လီဗာပူးအသင်းဆီ ပြောင်းရွှေ့လာဖို့ထက် မန်ယူအသင်းဆီကိုသာပြောင်းရွှေ့ ကစားဖို့ ဆန္ဒဖြစ်ပေါ်နေတာဖြစ်ပါတယ်။

 

ငွေကြယ်