ဆောမြို့နယ်တွင် ကျေးရွာများမီးလင်းရေးဆိုင်ရာ လုပ်ငန်းများ ဆွေးနွေး

ဆော ၁  ဇန်နဝါရီ 

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်း(တတိယနှစ်စက်ဝန်း)များကို  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း ကျေးရွာမီးလင်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်လူထု ဗဟိုပြုစီမံကိန်း လုပ်ငန်းရုံး၌ ပြုလုပ်သည်။

 

ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မင်းစိုး၊ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း တာဝန်ခံ ဒေါ်သီရိဇင်မင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်အင်ဂျင်နီယာ ဒေါ်အေးသီတာမြင့်တို့က ကျေးရွာမီးလင်းရေးလုပ်ငန်းများ၊ ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်း ဒီဇိုင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

 

အဆိုပါဆွေးနွေးပွဲသို့ ကျေးရွာမီးလင်းရေးဆောင်ရွက်မည့် ကျေးရွာ ၁၉ ရွာမှ အမျိုးသား ၆၀ နှင့် အမျိုးသမီး ၂၀ တို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

မြို့နယ်ပြန်/ဆက်