ဆေးရုံက ဆင်းပြီး နောက်တစ်ရက်မှာ သမ္မတ ထရမ့် ရုံးတက်

၇ အောက်တိုဘာ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အတွက် ဆေးရုံတက် ကုသနေရာ တနင်္လာနေ့မှာ ဆေးရုံကနေ ဆင်းခဲ့ပါတယ်။ ဆေးရုံကဆင်းပြီး နောက်တစ်ရက် အင်္ဂါနေ့မှာ သမ္မတ ရုံးခန်းမှာ ရှိနေခဲ့ကြောင်း သမ္မတအကြံပေး က  ပြောပါတယ်။

 

အိမ်ဖြူတော်ရဲ့ စီပွားရေးအကြံပေး လာရီ ကုလိုး က အစိုးရအဖွဲ့က လည်ပတ်နေကြောင်း၊ သမ္မတလည်း မနေ့က ရုံးမှာရှိနေခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုး အကာကွယ်တွေနဲ့ ရုံးတက်တာဖြစ်ကြောင်း CNBC သတင်းဌာနကို ပြောပါတယ်။

 

သမ္မတထရမ့်ဟာ သူနဲ့ နီးစပ်သူတွေကြားမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များနေတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုင်တွယ်မှုနဲ့ပတ်သတ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှု ခံနေရပါတယ်။

 

ထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ပြီးခဲ့တဲ့သောကြာနေ့က ကြေညာပြီးနောက် အဲဒီနေ့မှာဘဲ ဝါရှင်တန် အပြင်ရှိ ဝေါ့တားရီဒ် စစ်ဆေးရုံမှာ ဆေးကုသခံယူခဲ့ရပါတယ်။ တနင်္လာနေ့ ညနေပိုင်းမှာတော့ ဆေးရုံကဆင်းပြီး အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

 

MDN

ကိုးကား - AFP