ဆီအုန်းစိုက်ခင်းအသစ် စိုက်ပျိုးခွင့်ကို အင်ဒိုနီးရှား အစိုးရ က ၃ နှစ်တားမြစ်

ဂျကာတာ  ၂၁  စက်တင်ဘာ

အင်ဒိုနီးရှားသမ္မတက ဆီအုန်းစိုက်ခင်းအသစ်တွေ စိုက်ပျိုးခွင့်ကို ၃ နှစ်တားမြစ်ကြောင်း စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စားအုန်းဆီထုတ်လုပ်တဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးက ဆီအုန်းစိုက်ခင်းအသစ်တွေကို တားမြစ်ထားတဲ့ စာချွန်လွှာကို သမ္မတ ဂျိုကိုဝီဒိုဒိုက ဗုဒ္ဓဟူးက လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ 

စားအုန်းဆီကို စားသုံးဆီအဖြစ် သုံးစွဲသည့်အပြင် နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ ဘီစကွတ် မုန့်ကနေ ခေါင်းလျှော်ရည်နဲ့ မိတ်ကပ်အထိ ထုတ်လုပ်ရာ အထိပါ သုံးစွဲတာကို တွေ့ရပါတယ်။ စားအုန်းဆီကို ဒီနှစ်ပိုင်းမှာ ဈေးကွက်ဝယ်လိုအားက မိုးထိမြင့်မားခဲ့ပြီး နိုင်ငံရဲ့ အခွန်ငွေ ကောင်းကောင်းရသလို လုပ်ငန်းရှင်တွေအတွက်လည်း အမြတ်အစွန်းကောင်း ပါတယ်။ ဒါပေမယ့် ဆီအုန်းစိုက်ခင်းတွေကို နှစ်စဉ် ခြောက်သွေ့ရာသီမှာ ဥပဒေမဲ့ တောမီးရှို့တဲ့အတွက် အပူပိုင်း စိုစွတ်သစ်တောတွေမှာ မှီခိုနေထိုင်တာ မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး တိရိစ္ဆာန်တွေအပေါ် ဆိုးကျိုးသက်ရောက်စေတာကို တွေ့ရပါတယ်။

၂၀၁၅ ခုနှစ်က အရှေ့တောင်အာရှမှာ မီးခိုးငွေ့တွေ ဖုန်းလွှမ်းတာ သီတင်းတစ်ပတ်ခံအကြာကတည်းက ဆီအုန်းစိုက်ခင်း ပိတ်ပင်တားမြစ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။  

အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဝါဟီက သမ္မတရဲ့ အခုဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဝါဟီက ဆီးအုန်းစိုက်ခင်း အသစ်စိုက်ပျိုးခြင်းကို ၂၅ နှစ် တားမြစ်ပေးရန် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 

MDN
AFP