ဆီဘောက်ဆာ ဆီထည့်ရာမှ မီးလောင်မှုဖြစ်ပွား

ပဲခူး ၂၂ သြဂုတ်

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ (၂)ရပ်ကွက်၊ ပဒေသာရပ်၊ ရန်ကုန်-မန္တလေးကားလမ်း(ဟောင်း) မိုင်တိုင်အမှတ် (၆၀/၇)အနီး အောင်သပြေ စက်သုံးဆီအရောင်းဆိုင်တွင် ဩဂုတ် ၁၉ ရက် ည ၁၀ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကျော်စွာလွင်၊ ဘုရားကလေးကျေးရွာအုပ်စု၊ ဘုရားကြီးမြို့နေသူ မောင်းနှင်သည့် ဒီဇယ်(၂၄၀ဝ)ဂါလံနှင့် ဓာတ်ဆီ(၁၆၀ဝ)ဂါလံ တင်ဆောင်ထားသော FUSO (၁၂)ဘီး အဖြူရောင်ဆီဘောက်ဆာ ယာဉ်အမှတ် 1D/×××× ယာဉ်မှာ မြေအောက်ဆီလှောင်ကန်အတွင်းသို့ ဆီဖြည့်သွင်းနေစဉ်  ဆီပိုက်သံခေါင်းပြုတ်ကျပြီး ယာဉ်၏နောက်တန်းနှင့် ရိုက်မိကာ မီးပွားထွက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့သဖြင့် ပဲခူးတိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းထိုက်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နေပြည်သူများနှင့် မီးသတ်ယာဉ် (၁၀)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် လူ/တိရစ္ဆာန် သေဆုံးမှုမရှိကြောင်းနှင့် မီးအားပေါ့ဆစွာ အသုံးပြုသူ ယာဉ်မောင်းကျော်စွာလွင်အား ဘုရားကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ကိုလွင်(ဆွာ)