ဆီဆိုင်မြို့နယ် မိုက်တီးကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဆင့်တိုးမြှင့်ဖွင့်လှစ်

ဆီဆိုင် ၂၃ ဇူလိုင်

 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိ်ုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာ အုပ်စု၊ မိုက်တီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအဆင့်မှ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက်က အဆိုပါကျောင်း၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေး၊ မိုက်တီးကျောင်းအုပ် ဆရာမကြီးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်လှထွန်းတို့က ကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

 

ရှေးဦးစွာ အဋ္ဌမတန်းကျောင်းသူများက “တို့ကျောင်းတော်” သီးချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးတို့က အမှာစကားပြောကြားကြသည်။ 

 

 

 

 

ထို့နောက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန်ဆုကို တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူ များအား ဆုများချီးမြှင့်ကြပြီး ကျောင်းအကျိုးတော်ဆောင်မှ ပညာရေးမှူးသို့ ကျောင်းအဆင့်တိုး ဂုဏ်ပြုအလံပေး အပ်ကာ ဒေသခံများကိုယ်စား ကျောင်းကော်မတီ ဦးမောင်မောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

 

အဆိုပါကျောင်းတွင် ကျောင်းသားကျောင်းသူ ၂၇၄ ဦး ပညာသင်ကြားလျက်ရှိပြီး ဆရာ ဆရာမ ၁၁ ဦးဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

 

ဆီဆိုင်(ပြန်/ဆက်)