ဆီဆိုင်မြို့နယ်၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နားသံ ကျေးရွာအုပ်စု ပချားကလို့ကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာ၌ စိုက်ပျိုးထားသော အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းခင်း ၁၃ ဧကကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပချားကလို့ကျေးရွာမှ ရွာသားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြက်ဖြတ်စက် သုံးလုံး၊ ဓားကောက် အလက် ၄၀ တို့ဖြင့် စိုက်ပျိုးထားသော သီးပွင့်ဆဲဘိန်းခင်းများအား စုပေါင်းဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ဘိန်းခင်းများကို အောက်တိုဘာ ၂၉ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့ပိုင်နယ်မြေအတွင်း စုစုပေါင်း ဘိန်းခင်း ၃၀၇ ဧက ဖျက်ဆီးရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဆီဆိုင်မြို့မရဲစခန်းမှ သိရသည်။ 

 

ခွန်ရဲထွေး(ဆီဆိုင်)