ဆီဆိုင်မြို့နယ်တွင် စီမံကိန်းထောက်ပံ့ငွေဖြင့် ဘက်စုံသုံးကျေးရွာခန်းမဆောင်ဖွင့်

ဆီဆိုင် ၁၆ ဇူလိုင်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်းထောက်ပံ့ငွေဖြင့် ဘက်စုံသုံး ကျေးရွာခန်းမဆောင်ဖွင့်ပွဲကို ဇူလိုင် ၁၅ ရက်က ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်အယ်ကျေးရွာခန်းမဆောင်၌ ကျင်းပရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကား ပြောကြားခဲ့ကြကြောင်း သိရသည်။

 

 

အဆိုပါဘက်စုံသုံး ကျေးရွာခန်းမဆောင်သည် အလျား ၄၀ ပေ၊ အနံပေ ၂၄၊ အမြင့် ၁၂ ပေရှိပြီး စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း (၇၀)၊ ကျေးရွာလူထုထည့်ဝင်ငွေ ကျပ် (၂၆၇၁၃၂၅) စုစုပေါင်း (၉၆၇၁၃၂၅)ကျပ်ဖြင့်  တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ခွန်ရဲထွေး (ဆီဆိုင်)