ဆီးဂိမ်းအလေးမပြိုင်ပွဲတွင် မြန်မာအသင်း ငွေတံဆိပ်တစ်ခုရရှိ

၂  ဒီဇင်ဘာ

 

၂၀၁၉ ဆီးဂိမ်းအလေးမပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက ကျင်းပရာ မြန်မာအလေးမအဖွဲ့ ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။

 

အမျိုးသမီး ၄၉ ကီလိုတန်းတွင် မြန်မာအလေးမကစားသမား ပြည့်ပြည့်ဖြိုးက ငွေတံဆိပ်ရယူ နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အင်ဒိုနီးရှားကစားသမား ဝင်ဒီက အမြန်မတွင် ၈၆ ကီလို၊ နှစ်ဆင့်မတွင် ၁၀၄ ကီလိုဖြင့် စုစုပေါင်း ၁၉၀ ကီလိုမကာ ရွှေတံဆိပ်၊ ပြည့်ပြည့်ဖြိုးက အမြန်မတွင် ၈၀ ကီလို၊ နှစ်ဆင့်မတွင် ကီလို ၁၀ဝ မကာ စုစုပေါင်း ကီလို ၁၈၀ ဖြင့် ငွေတံဆိပ်၊ ဗီယက်နမ် ကစားသမား ငိုသီကူယင်က အမြန်မတွင် ၇၅ ကီလို၊ နှစ်ဆင့်မတွင် ၉၇ ကီလိုမကာ စုစုပေါင်း ၁၇၂ ကီလိုဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။ ဆီးဂိမ်းအလေးမပြိုင်ပွဲကို ဒီဇင်ဘာ ရက်မှစတင်ကာ ကျင်းပလျက်ရှိပြီး မြန်မာအလေးမအဖွဲ့သည် ပထမနေ့တွင် ဆုတံဆိပ်လွဲချော်ခဲ့သော်လည်း ဒုတိယနေ့တွင် ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

အလေးမပြိုင်ပွဲကို ဒီဇင်ဘာ ရက်အထိ  မနီလာမြို့၌ ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ