ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ အသင်း အပြီးသတ်လူရွေးချယ်

mdn

၂၂  နိုဝင်ဘာ

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် အပြီးသတ်လူစာရင်းကို နိုဝင်ဘာ ၂၂ ရက် ညပိုင်းက ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ပဏာမကစားသမား ၂၂ ဦးမှ နှစ်ဦးလျှော့ချကာ အပြီးသတ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းအရ အသက် ၂၂ နှစ်အထက် ကစားသမားနှစ်ဦးအဖြစ် စည်သူအောင်နှင့် လှိုင်းဘိုဘိုတို့ကို ရွေးချယ်ထားသည်။

 

မူလက တိုက်စစ်မှူးအောင်သူကို ရွေးချယ်ထားသော်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ရရှိခဲ့သည့် ဒဏ်ရာ ကြောင့် စည်သူအောင်နှင့် အစားထိုးခဲ့ရခြင်းဖြစ်သည်။ အပြီးသတ်ရွေးချယ်ရာတွင် ဂိုးသမား ဇင်ညီညီအောင် နှင့် တောင်ပံကစားသမား ဟိန်းထက်အောင်တို့ ချန်လှပ်ခံခဲ့ရပြီး အသင်းအုပ်ချုပ်သူများ အစည်းအဝေးမတိုင်မီအထိ ပြောင်းလဲနိုင်သောကြောင့် အရန်အဖြစ် ထားရှိသွားမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အသင်းတွင် အုပ်ချုပ်သူ-ဦးမင်းလှိုင်၊ နည်းပြချုပ်-ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ကြံ့ခိုင်ရေးနည်းပြ-ဝယ်လ်လင်တန်၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ ကစားသမားများအဖြစ် ဂိုး-ဆန်းဆက်နိုင် (ရန်ကုန်)၊  စိုးအာကာ (မကွေး)၊ နောက်တန်း- ရဲမင်းသူ (ရှမ်း ယူနိုက်တက်)၊ အောင်ဝဏ္ဏစိုး (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ သူရိန်စိုး (ရန်ကုန်)၊ ဝင်းမိုးကျော် (မကွေး)၊ စိုးမိုးကျော် (ဧရာဝတီ)၊ အလယ်တန်း-နေမိုးနိုင်၊ စိုးလွင်လွင်၊ ဇင်မင်းထွန်း (မကွေး)၊ လွင်မိုးအောင် (ဧရာဝတီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊  ရှေ့တန်း-ထက်ဖြိုးေ၀ (ရှမ်းယူနိုက်တက်) ၊ အောင်ကောင်းမာန် (ဧရာဝတီ) နှင့်  ဝင်းနိုင်ထွန်း (ရတနာပုံ) တို့ ပါဝင်ကြသည်။

​​​​​​​

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် နိုဝင်ဘာ ၂၃ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်