ဆီးရီးယားတွင် ဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားသဖြင့် လူ ၄၀ ဦး သေဆုံး

၂၉ ဧပြီ

 

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း တူရကီထိန်းချုပ်ထားရာ မြို့တစ်မြို့တွင် ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၄၀ ဦး သေဆုံးခဲ့သည်။ တူရကီတို့သည် ထိုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ကာဒ်စစ်သွေးကြွအုပ်စုအား ပြစ်တင်ပြောဆိုခဲ့သည်။

 

အဆိုပါ ဆီတင်ယာဉ်သည် တူရကီနယ်စပ်မှ ၂၀ ကီလိုမီတာ အကွာ အာဖရင်မြို့အလယ်ရှိ  ဈေးတစ်ခုတွင် ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

၎င်းယာဉ်ပေါက်ကွဲမှုကြောင့် သေဆုံးသူများတွင် ကလေး ၁၁ ဦး ပါဝင်သည်ဟု တူရကီ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။ ယင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့မျှ ဝန်ခံပြောဆိုခြင်း မရှိပေ။

 

သို့သော်လည်း ကာဒ်စစ်သွေးကြွအုပ်စု YPG သည် ယင်းယာဉ်တွင် ဗုံးတစ်လုံးတပ်ဆင်ခဲ့သည်ဟု တူရကီ လုံခြုံရေးတပ်ဖွဲ့များက ယူဆကြသည်။

 

၎င်းလုံခြုံရေးတပ်ဖွဲ့များက ထိုယာဉ်မောင်းကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို