ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံ ခဲရေးပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ ဖွင့်လှစ်

ဆိပ်ကြီးခနောင်တို၊ ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လက်မှုအနုပညာကို အခြေခံမှစ၍ တတ်မြောက်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံခဲရေးပန်းချီရေးဆွဲနည်းသင်တန်းကို ဧပြီ ၂ ရက် နံနက်ပိုင်းမှစ၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သင်တန်းတွင် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၈ ဦးတို့အား ပန်းချီပညာရှင် ဦးအောင်သော်ဇင်က ခဲရေးပန်းချီ  ရေးဆွဲရာတွင် ပါဝင်သည့် လိုင်းများ၏ သဘောတရား၊ လိုင်းအလင်းအမှောင်၊ လိုင်းများနှင့်ဖွဲ့စည်းရေးဆွဲခြင်း၊ အရောင်များအကြောင်း၊ ရှုခင်းရေးဆွဲခြင်း၊ နီးဝေးမြင်ခြင်း၊ ပန်းချီကားတစ်ချပ်ပူးပေါင်းဖန်တီးခြင်း၊ ပတ်ဝန်းကျင်ရှိ ပစ္စည်းများကို ပုံနှိပ်ကူးယူရေးဆွဲခြင်း စသည့်သင်ခန်းစာများကို ဧပြီ ၁၀ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)

mdn