ဆိပ်ဖြူမြို့နယ်တွင် ဘုန်းတော်ကြီး ကျောင်းအတွင်းရှိ ဆွမ်းစားကျောင်းဆောင် တစ်ဆောင်အား တောမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်း

ဆိပ်ဖြူ ၈ ဧပြီ 

ယနေ့ မန်းလွဲ ၁၂ နာရီခွဲက မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့မြောက်ဘက် (၄) ဖာလုံခန့်အကွာ ဆိပ်ဖြူ - ချောင်းမကြီး ကားလမ်းဘေးရှိ ကန်ကြီးအောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင် တစ်ဆောင် တောမီးမှတစ်ဆင့် ကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဆိပ်ဖြူ - ချောင်းမကြီး သွားကားလမ်းရှိ ကန်ကြီးအောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်အား တောမီးမှတစ်ဆင့် မီးလောင်နေကြောင်း ဒေသခံ ပြည်သူတစ်ဦးမှ ဖုန်းဆက်သတင်းပေးချက်အရ ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် (၂) စီးဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်လင်း၊ ဆိပ်ဖြူမြို့မ မီးသတ်စခန်းမှူး ဦးဖြိုးဝေအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ အခြားအဆောက်အဦးများကို ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ  ငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ကန်ကြီးအောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းရှိ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊      (၁၅×၁၈) ပေပတ်လည် အဆောက်အဦးနှင့် ရေတင်ကွန်ပရက်ဆာ (၁) လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရှိရသည်။ 

စိုးလင်းနိုင်(IPRD)

mdn