ဆိပ်ဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ထိန်းချုပ်ကာကွယ်နိုင်ရန် စက်ရုံ၊ အလုပ်ရုံများတွင် သတ်မှတ်စည်းကမ်းများ လိုက်နာခြင်းရှိ/မရှိ  စစ်ဆေး

ဆိပ်ဖြူ  ၂၉ ဧပြီ 

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံ အလုပ်ဌာနများတွင် ကိုရိုနာဗိုင်းရပ်(စ်) ထိန်းချုပ် ကာကွယ်နိုင်ရန် သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ /မရှိ ကို ဧပြီလ ၂၉ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ဆိပ်ဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကူးစက်ပြန့်ပွားခြင်းမရှိရန်နှင့် ထိန်းချုပ်ကာကွယ်နိုင်ရန် အရှိန်ဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ အလုပ်ဌာနများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လုပ်ငန်းစံသတ်မှတ်ချက်များအပေါ် လိုက်နာဆောင်ရွက်နိုင်စေရန် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

 

တိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်မွန်အေး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးပိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် စက်ရုံ၊ အလုပ်ရုံအလုပ်ဌာနများ စစ်ဆေးရေးကော်မတီဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ  အလုပ်ဌာနများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုရိုနာဗိုင်းရပ်(စ်) ထိန်းချုပ်ကာကွယ်နိုင်ရန် ထုတ်ပြန်ထားသည့် စည်ကမ်းများနှင့်အညီ လိုက်နာခြင်းရှိ/မရှိ နှင့် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား  ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာများ ပြောကြားပေးခဲ့ကြောင်း သိရသည်။

 

စိုးလင်းနိုင်(IPRD)