ဆိုးလ်မြို့ရှိ ဘားနဲ့ကလပ်တွေကို ဗိုင်းရပ်စ်တစ်ကျော့ပြန်လာမှာကို စိုးရိမ်တဲ့အတွက် ပိတ်လိုက်ပြီ

၁၁    မေ

 

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရှိ ဘားနဲ့ ကလပ်တွေကို ကိုရိုနာဗိုင်းရပ်စ် ဒုတိယအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာမှာစိုးရိမ်တဲ့အတွက် သမ္မတ မွန်ဂျေအင်း အမိန့်နဲ့ တနင်္ဂနွေနေ့က ပိတ်ပစ်လိုက်ပါတယ်။

 

အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ ဆက်စပ်ပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ လူ ၅၀ ကျော် ရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ၂၉ နှစ်ရွယ်အမျိုးသားဟာ ဆိုးလ်မြို့ရှိ  ကလပ်နဲ့ ဘားတွေ စည်ကားရာ အိုင်တေးဝမ် အရပ်က ကလပ်နဲ့ဘား ငါးနေရာကို ပြီးခဲ့တဲ့ ရုံးပိတ်ရက်အတွင်းက သွားရာက်ဖူးကြောင်း သိရပါတယ်။

 

လူဦးရေ ၁၂ သန်းနေထိုင်တဲ့ ဆိုးလ်းမြို့အနီးက ဂေါင်းကြီးပြည်နယ်မှာလည်း ဖျော်ဖြေရေးပွဲပေါင်း ၅,၇၀၀ ကို မေ ၁၀ ရက်က စပြီး သီတင်းနှစ်ပတ်  ပိတ်လိုက်ကြောင်း သိရပါတယ်။

 

မေ ၁၀ ရက်နေ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၄ ဦးတွေ့ရှိရာ ၂၄ ဦးမှာ အိုင်တေးဝမ် နဲ့ ဆက်စပ်နေကြောင်း ကိုရီးယား ဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

စားသောက်ဆိုင်လုပ်သား အသက် ၂၂ နှစ်အရွယ် လီဆောင်ဝုခ် ဆိုင်ကို လာရောက်တွေသူတွေက သူတို့ရဲ့ ခရီးသွားမှတ်တမ်းကို မေးရင် နေရာတွေကို အားလုံးပြောဆိုဖို့အတွက် ပူးပေါင်းဆောင်ရွက်ရန် အခုထက်ပိုလိုအပ်နေကြောင်း၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းအရ အရေးကြီးဆုံးအနေနဲ့ သွားရောက်ခဲ့တဲ့နေရာတွေကို ပြောပြဖို့က အရေးကြီးပါတယ်။

 

ပြီးခဲ့ ဗုဒ္ဓဟူးနေ့က စပြီး တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေရေး စည်းမျဉ်းကို ဖြေလျှော့ခဲ့ပြီးနောက် ကိုရီးယားနိုင်ငံရဲ့ လူနေမှုဘဝက ပုံမှန်အခြေအနေကို ပြန်လည် ရောက်ခဲ့ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံမှာ ပြတိုက်တွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အားကစားပွဲတွေကို စတင်ခဲ့ပြီဖြစ်ပါတယ်။ ကျောင်းတွေကိုလည်း လာမယ့်သီတင်းပတ်မှာ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP