ဆိုးလ်ရှိ ကျောင်းတွေအား အွန်လိုင်းကနေ ပြန်သင်ရေး ညွှန်ကြား

၂၅ ဩဂုတ်

 

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ဒေသရှိ ကျောင်းအားလုံးနဲ့ မူကြိုကျောင်း အားလုံးကို အွန်လိုင်းကနေသာ သင်ကြားရေး လုပ်ဖို့ ဒီနေ့(အင်္ဂါနေ့) မှာ ညွှန်ကြားလိုက်ပါတယ်။  ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိမှုတွေ ဖြစ်ပေါ်လာပြီးနောက် တာဝန်ရှိသူတွေက ကျောင်းတွေအား အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ 

 

 

ဆိုးလ်၊ အင်ချွန်း နဲ့ ဂေါင်ဂျီရှိ မူကြိုကျောင်းတွေ အပါအဝင် ကျောင်းအားလုံးကို ဩဂုတ် ၂၆ ရက်နေ့မှ စပြီး စက်တင်ဘာ ၁၁ ရက်နေ့အထိ အွန်လိုင်းပေါ်ကနေ စာသင်ရတော့မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ အစောပိုင်းမှာ တက္ကသိုလ်ဝင်ခွင့် ဖြေဆိုရမယ့် ကျောင်းသားကြီးတွေကိုတော့ ကျောင်းခန်းမှာ စာသင်ကြားခွင့် ရှိပါတယ်။

 

 

တောင်ကိုရီးယား နိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုး ကိုင်တွယ်နည်းဖြစ်တဲ့ “ဗိုင်းရပ်စ်ပိုး လမ်းကြောင်းရှာ၊ စမ်းသပ်နဲ့ ကုသ” စတာတွေ လုပ်ဆောင်နေရာ လတ်တလော ပရိုတက်စတင့် ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ပတ်သက်ပြီး ဗိုင်းရပ်စ်ပိုး စတင်တဲ့ နေရာကို ထိန်းချုပ်ရန် လုပ်ဆောင် နေရပါတယ်။ 

 

 

တောင်ကိုရီးယား နိုင်ငံမှာ ဒီနေ့(အင်္ဂါနေ့) လူ ၂၈၀ မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရာ စုစုပေါင်း ပိုးတွေ့ရှိသူ ၁၇,၉၄၅ ဦးရှိကြောင်း သိရပါတယ်။

 

 

ကမ္ဘာ့အခြေအနေနဲ့ နှိုင်းယှဉ်ရင် တောင်ကိုရီးယား နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ အရေအတွက် နည်းနေသေးမယ့် တောင်ကိုရီးယား နိုင်ငံမှာ ၁၂ ရက်တိတိ ပိုးတွေ့ရှိသူ အရေအတွက်ဟာ ဂဏန်းသုံးလုံး ပမာဏကို ရောက်ရှိလာပြီလို့ သိရပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် အတွင်းမှာ ကျောင်းသူ ကျောင်းသားတွေနဲ့ ကျောင်းဝန်ထမ်းတွေ အပါအဝင် လူ ၂၀၀ နီးပါးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 

 

တောင်ကိုရီးယား စစ်တပ်က တပ်သားတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ရေး လမ်းညွှန်ချက်ကို တိုးမြှင့်လိုက်ပါတယ်။ တပ်သား အားလုံးဟာ အဆောက်အအုံ အတွင်းနဲ့ အဆောက်အအုံ ပြင်ပရှိ လူမြင်ကွင်းမှာ မျက်နှာဖုံးကို တစ်ချိန်လုံး ဝတ်ဆင်ရန်၊ သင်တန်းချိန်အတွင်း သို့မဟုတ် လူစုလူဝေး လုပ်ရာတွင် လူနှစ်ဦး ထပ်ပိုရင် မျက်နှာဖုံး ဝတ်ဆင်ခြင်း မရှိဘဲ မစုဝေးရလို့  စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ဆိုးလ်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာတဲ့အတွက် ဘာသာရေးဆိုင်ရာ စုဝေးခြင်း၊ နိုက်ကလပ်များ၊ ကာရာအိုကေများနဲ့ ဆိုက်ဘာကဖေးတွေပါ ပိတ်ပင်ထားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP