ဆမ်ဆောင်း GALAXY A6+ စမတ်ဖုန်းသစ်

၂၅ မေ

 

ဆမ်ဆောင်း Galaxy A6+ စမတ်ဖုန်းသစ်ဟာ စွမ်းဆောင်ရည်မြင့်ကင်မရာနဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ ဖုန်းမော်ဒယ်သစ်တစ်ခုဖြစ်ပြီး ဆမ်ဆောင်းမြန်မာက ပြည်တွင်းဈေးကွက်မှာ မေ ၂၂ ရက်က စတင်မိတ်ဆက်ထားပါတယ်။

 

ဆမ်ဆောင်း Galaxy A6+ ဟာမျက်နှာပြင်အကျယ် ခြောက်လက်မရှိပြီး Super AMOLED မျက်နှာပြင်ရဲ့ Screenresolution က 1880 x 2220 pixels အရည်အသွေးရှိလို့ ရုပ်ထွက်ပိုင်း အထူးကောင်းမွန်ပါတယ်။ အန်းဒရွိုက်ဗားရှင်းအနေနဲ့ နောက်ဆုံးထွက်ဖြစ်တဲ့ 8.0(Oreo)ကို အသုံးပြုထားပြီး Octa Core 1.8GHz CPU နဲ့ RAM က 3GBရှိပါတယ်။ အင်တာနယ်မင်မိုရီက 32GB ပါဝင်ပြီး မင်မိုရီကတ် ထပ်စိုက်သုံးရင်လည်း 256GB အထိ ထပ်စိုက်သုံးနိုင်ဖို့ ထောက်ပံ့ပေးထားပါတယ်။

 

ကင်မရာပိုင်းမှာတော့ နောက်ကင်မရာဟာ ၁၆ မဂ္ဂါပစ်ဇယ်နဲ့ ၅မဂ္ဂါပစ်ဇယ် ကင်မရာနှစ်လုံးပေါင်းထားတဲ့ Dual ကင်မရာဖြစ်လို့ အရည်အသွေး ကောင်းမွန်တဲ့ပုံတွေ ရိုက်ကူးနိုင်မှာဖြစ်ပြီး ရှေ့ဘက် ကင်မရာကလည်း ၂၄ မဂ္ဂါပစ်ဇယ် အထိရှိလို့ ဆယ်လ်ဖီဝါသနာရှင်တွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာလည်း 35mAh ရှိတဲ့ Li-ion ဘက်ထရီပါဝင်လို့ စွမ်းဆောင်ရည်မြင့်ပါတယ်။

 

ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ အနေနဲ့ လက်ဗွေရာစနစ်၊ မျက်နှာနဲ့ ဖုန်းကိုလော့ခ်ဖွင့်နိုင်တဲ့ မျက်နှာအသိအမှတ်ပြု လုံခြုံရေးစနစ်၊ Always on Display လုပ်ဆောင်ချက်တွေ ပါဝင်သလိုသုံးစွဲသူရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကူညီ၊ သတိပေးနိုင်မယ့် Samsung Bixby လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။

 

Galaxy A6+ ကို ကိုယ်ထည်အရောင် အနက်ရောင်၊ရွှေရောင်နဲ့ အပြာရောင်လို့ သုံးမျိုးရွေးချယ်နိုင်မှာဖြစ်ပြီး ပြည်တွင်းဈေးကွက်မှာ စမတ်ဖုန်းသစ်စတင် မိတ်ဆက်ခြင်း အထူးအစီအစဉ်အနေနဲ့ ဆမ်ဆောင်းက တယ်လီနောမြန်မာနဲ့ ပူးပေါင်းပြီး လစဉ် အင်တာနက်ဒေတာ အပိုရနိုင်မည့် အစီအစဉ်တွေပြုလုပ်ထားပါတယ်။

 

သူရဖြိုး