ဆွမ္မရာမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

mdn

ဆွမ္မရာ   အောက်တိုဘာ   ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့တွင် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လေရှီးမြို့နယ် ဦးစီးမှူးရုံး အစီအစဉ်ဖြင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား အရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆွမ္မရာမြို့၊ ရပ်ကွက်(၂)ရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို အောက်တိုဘာ ၃ ရက်က မြို့ပေါ်ရပ်ကွက်ရှိ အသက် ၁၀ နှစ်ပြည့်မီသူ နှစ်ဦး၊ ၁၀ နှစ်ပြည့်မှ ၁၈နှစ်ပြည့် လဲလှယ်သူ ၁၁ ဦး၊ ၁၈ နှစ်ပြည့်ပြီး လဲလှယ်သူ နှစ်ဦး၊ ပျောက်ပျက်မိတ္တူ ပြုလုပ်သူ ၁၃ ဦးတို့ကို လေရှီးမြို့နယ် ဦးစီးမှူးရုံးမှ ဒုတိယလဝကမှူး ဦးမရားနှင့် ဒုတိယလဝကမှူး ဦးပင်ကျော်ဟန်တို့က ဆောင်ရွက်ပေးခဲ့ပြီး အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပျက်စီး၊ ခွဲထွက်၊ လဲလှယ်ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေလျက် ရှိသည်။

အလားတူ ဖွန်သရက်ကျေးရွာ၊ လေယုံ၊ ပန်ဆပ်နှင့် ငကျန်ကျေးရွာများတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆက်လက် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စနေမောင်မောင်(ဆွမ္မရာ)