စီရိုနယ်လ်ဒိုနဲ့ မက်ဆီထက် မိုဟာမက်ဆာလာက ခြေစွမ်းပိုမိုကောင်းမွန်ကြောင်း ခရစ်ဆွတ်တန် ပြောကြား

လီဗာပူးအသင်းတိုက်စစ်မှူး မိုဟာမက်ဆာလာဟာလက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမား တွေထဲက တစ်ဦးအဖြစ် ရပ်တည်နေသလို ဘောလုံးလောကရဲ့ နာမည်ကြီးကစားသမားနှစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး စီရိုနယ်လ်ဒိုနဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီတို့ထက် ခြေစွမ်းပိုင်းဆိုင်ရာ ပိုမိုကောင်းမွန် ကြောင်း ဘလက်ဘန်း တိုက်စစ်မှူးဟောင်း ခရစ်ဆွတ်တန်က ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အခုနှစ်ဘောလုံးရာသီအတွင်းမှာ လီဗာပူးအသင်းနဲ့အတူ ကိုးပွဲ ပါဝင်ကစားပေးခဲ့ပြီးနောက် သွင်းဂိုး ကိုးဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် မိုဟာမက်ဆာလာဟာ မန်ယူတိုက်စစ်မှူး စီရိုနယ်လ်ဒို၊ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီတို့ထက် ခြေစွမ်းပိုင်းပိုမိုကောင်းမွန်ကြောင်း ခရစ်ဆွတ်တန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ စက်တင်ဘာလအတွင်းက မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပရီမီယာလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက် ခဲ့တာဖြစ်ပါတယ်။ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်သုံးရာသီမှာ တစ်ရာသီပျမ်းမျှ သွင်းဂိုး ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါ တယ်။

တိုက်စစ်မှူး မိုဟာမက်ဆာလာဟာလီဗာပူး အသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၁၆၅ ပွဲအထိ  ပါဝင်ကစား ပေးခဲ့ရာမှာ သွင်းဂိုးစုစုပေါင်း ၁၀၃ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး ဂိုးဖန်တီးမှု ၃၇ ကြိမ်အထိ ဖန်တီး ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ငွေကြယ်