စိတ်အားထက်သန်အောင်ဘယ်လိုနေထိုင်မလဲ

ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

သင်တစ်ခါတစ်လေ တစ်ခုခုကိုအားကြိုးမာန်တက်လုပ်ပြီးမှ စိတ်ဓာတ်တက်ကြွမှုဆုံးရှုံးပြီး ပြီးအောင်မလုပ်နိုင်တာမျိုးကြုံဖူးလား? ဟာသတစ်ခုရှိပါတယ်။ ကန့်သတ်ထားတဲ့အချိန်က အကောင်းဆုံး စိတ်ဓာတ်တက်ကြွမှုပါတဲ့။ ဒါကမှန်လား ? မှန်ချင်မှန်ပါလိမ့်မယ်။

 

ဒါပေမယ့် အခြေအနေတော်တော်များများမှာတော့ လေ့ကျင့်ခန်းလုပ်တာလိုမျိုး ခက်ခဲတဲ့အလုပ်တွေအတွက် စိတ်အားထက်သန်မှုကို ရှာရခက်ပါလိမ့်မယ်။ ကံကောင်းစွာနဲ့ဘဲ ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

 

ဒါကြောင့်ကျွန်တော်တို့က သင့်ကိုလေ့ကျင့်ခန်းတွေလုပ်နိုင်ဖို့ စိတ်အားထက်သန်စေမယ့် အချက်လေးတွေကို ပြောပြပါလိမ့်မယ်။

 

ပန်းတိုင်တစ်ခုကို သတ်သတ်မှတ်မှတ်ထားပါ

လူတော်တော်များများက လေ့ကျင့်ခန်းလုပ်ရတာကို ခက်ခဲတယ်လို့ မြင်ကြပါတယ်။ ကိုယ်အလေးချိန်ကျခြင်း၊ ကျန်းမာစေခြင်း၊ တင်ပါးကြီးလာခြင်း၊ ရင်သားကြီးလာခြင်းနဲ့ တခြားအရာတွေ စတဲ့ကျန်းမာသန်စွမ်းမှုပန်းတိုင်တွေက လေထဲပျောက်သွားတတ်ပါတယ်။

 

သင့်ပန်းတိုင်တွေက အရမ်းကို ကြီးမားလွန်းနေတယ်ဆိုရင်တော့ ပင်ပန်းပြီး လက်လျှော့လိုက်လို့ရပါတယ်။ အစပိုင်းမှာ လွယ်ကူပြီး လက်တွေ့ကျတဲ့ပန်းတိုင်တွေ အရင်ချသင့်ပါတယ်။

 

ဥပမာ – သင်လက်တလောမှာ ဘာလေ့ကျင့်ခန်းမှ မလုပ်ထားဘူးဆိုရင် ပထမဆုံးချရမယ့်ပန်းတိုင်က မိနစ် ၃၀ ရေကူးခြင်းဒါမှမဟုတ် ၁၀ မိနစ် လမ်းအမြန်လျှောက်ခြင်း တို့ဖြစ်ပါတယ်။ အချိန်တိုပန်းတိုင်တွေက ချခြင်းက အချိန်ရှည်ပန်းတိုင်တွေထက် ပိုထိရောက်ပါတယ်။ ပြီးမှသာ သင်စိတ်ပါတယ်ဆိုရင် ရေကူးတာကို ၁ နာရီ အကြာနဲ့ လမ်းအမြန်လျှောက်တာကို မိနစ် ၃၀ အကြာတိုးသွားပါ။

 

ရေရှည်ပန်းတိုင်ကိုတော့ ၅ ကီလိုမီတာ လမ်းလျှောက်တာဖြစ်ဖြစ် ၂ နာရီကြာရေကူးတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ကျန်းမာရေးလေ့လာမှု တော်တော်များများက အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ ကျန်းမာစေဖို့ တစ်ရက်ကို ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုး ၇၅ မိနစ်လုပ်သင့်ပြီး ပေါ့ပါးတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို ၁၅၀ မိနစ်လောက်လုပ်သင့်တယ်လို့ ဆိုပါတယ်။ သင့်အနေနဲ့ အေရိုးဘစ်နဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းကိုပါပေါင်းပြီး သင်တတ်နိုင်သလောက် လုပ်နိုင်ပါတယ်။

 

သင့်လှူပ်ရှားမှုတွေကို ပျော်ရွှင်အောင်လုပ်ပါ။

ကြားရတာအပေါစားဆန်နေပေမယ့် သင်လုပ်နိုင်တာမှန်သမျှကို ပျော်ပျော်ရွှင်ရွှင် လုပ်သင့်တယ်ဆိုတာမှန်ပါတယ်။ လေ့ကျင့်ခန်းဆိုတိုင်းမောပန်းပြီး ချွေးထွက်စရာမလိုပါဘူး။ သင်ဘယ်အားကစား၊ ဘယ်လေ့ကျင့်ခန်း ကို လုပ်ချင်လည်း သိရဖို့အရေးကြီးပါတယ်။ ပြီးမှ သင်အားကစားလုပ်ချိန်ကို ပိုဆွဲဆန့်ပြီး စိတ်အာထက်သန်မှုမပျောက်အောင်ထိန်းပါ။

 

လက်ရှိလုပ်နေတဲ့ လေ့ကျင့်ခန်းကသင့်ကို မပျော်ရွှင်စေနိုင်ရင်တော့ တခြားသင့်တော်ရာတစ်ခုခုပြောင်းပါ။ သင်ကြိုက်တဲ့လေ့ကျင့်ခန်းကိုလုပ်ပြီး သင့်ကိုယ်သင်ကျန်းမာအောင်လုပ်ပြီး ဘဝကိုပျော်ရွှင်စွာနေပါ။

 

လေ့ကျင့်ခန်းက သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်အောင်လုပ်ပါ။

လေ့ကျင့်ခန်းတွေကို လက်လျှော့လိုက်ရတဲ့ ဆင်ခြေအများဆုံးက အချိန်မပေးနိုင်လို့ ဆိုတာပါဘဲ။ သင့်အနေဲ့ အလုပ်၊ ကျောင်း၊ သူငယ်ချင်းတွေနဲ့တွေ့ခြင်း စတဲ့အချိန်တွေနဲ့လွတ်ကင်းအောင် အချိန်ဇယားဆွဲဖို့ လိုပါတယ်။ သင်အားတဲ့အချိန်မှ လုပ်လည်းဖြစ်ပါတယ်။ ဥပမာ – နားချိန်မှာ အနီးအနားကော်ဖီဆိုင်ကိုသွားခြင်း၊ ဓာတ်လှေကားအစား ရိုးရိုးလှေကားသုံးခြငး၊ စာရွက်စာတမ်းအလုပ်တွေလုပ်ချိန် ထိုင်လိုက်ထလိုက် လုပ်ပေးခြင်း တို့ဖြစ်ပါတယ်။

 

ကျောင်းနားချိန်နဲ့  TV ကြည့်နေချိန် လေ့ကျင့်ခန်းလုပ်နိုင်ဖို့ စက်ဘီးစီးစက်နဲ့ တခြားကိရိယာတွေ ဝယ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်စဉ် သီချင်းနားထောင်ခြင်းက သင့်ကိုပိုတက်ကြွစေပါတယ်။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_74_0_1.jpg