စိတ်ချမြန်ဆန် မီတာဘေလ်ဆောင်ရန်

 

မောင်မောင်(လျှပ်စစ်)

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရန်ကုန် မြို့တော်  လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါသည်။ မန္တလေးတွင်ရှိစဉ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အနေဖြင့် Online အသုံးပြု မီတာခဆောင်သည့် အခြေအနေများကို ပြည်သူများ သိရှိစေရန်  ရေးသားခဲ့ ဖူးသော်လည်း ယခုအခါ ရန်ကုန်သို့ ပြောင်းရွှေ့ရောက်ရှိလာပြီဖြစ်၍ ရန်ကုန် မြို့မှ Online အသုံးပြု မီတာခဆောင်သည့် အခြေ အနေများကို ထပ်မံတင်ပြရန်လိုအပ်လာပြီဟု ယူဆ ပါသဖြင့် ရန်ကုန်မြို့တွင် Online  မှဓာတ်အားခ ပေးဆောင်မှု အခြေအနေများကို ထပ်မံရေးသား တင်ပြရခြင်း ဖြစ်ပါသည်။                     

ရန်ကုန်မှာက နယ်တွေမှာလိုမဟုတ်ပါ။ မီတာခ ဆောင်ရန် အခက်အခဲအနည်းနှင့်အများ ရှိကြပါသည်။ အိမ်ထောင်စုတိုင်း အလုပ်တာဝန်များဖြင့် မအားလပ်ကြသည်ကများ၍ ရုံးသို့ မီတာခဆောင်ရန်မှာ အခက်အခဲကိုယ်စီရှိကြသည်က များသည်။ လူကြုံဖြင့် ဆောင်ခိုင်းရန်မှာလည်း ငွေမသွင်းဘဲ အလွဲသုံးစားဖြစ်မှာ စိုးရိမ်ရသည်။ လွယ်လွယ်နှင့်အလွဲသုံးစားမပြုနိုင်အောင် ရန်ကုန်နှင့် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းများတွင် ဌာနမှ ကွန်ပျူတာဘေလ်များ  ပြောင်းလဲသုံးစွဲခဲ့ပြီး ဖြစ်သည်။ ကွန်ပျူတာဘေလ်ပေါ်တွင် ကွန်ပျူတာဖြင့် ပုံနှိပ်ထားသော စက်ဖတ်ချက်ပါရှိမှသာ ငွေသွင်းခြင်းသည် တရားဝင်ဖြစ်ပါသည်။ မီတာ ပြေစာပေါ်တွင် လူကြုံဖြင့်ပေးဆောင်ခြင်းမပြုရန် နှင့်အလွဲသုံးစားကိစ္စများ ဖြစ်ပေါ်ပါက ကာယကံရှင် တာဝန်သာဖြစ်ကြောင်းနှင့် ဆောင်ပြီး မီတာဘေလ် များတွင် စက်ဖတ်ချက်ပါရှိခြင်း ရှိ/မရှိ စစ်ဆေး လက်ခံကြရန်  စသည်ဖြင့် သေချာစွာရေးသား အသိပေးထားပြီး  ဖြစ်သော်လည်း   ပြည်သူများ ဘက်ကလည်း သတိပြုကြရန်နှင့် လိုက်နာကြရန် လိုအပ်ပါသည်။

မီတာဘေလ်ဆောင်ရန် လွယ်ကူသောနည်းလမ်းတစ်ခုရှိ

ထိုသို့ မီတာဘေလ်ဆောင်ရန် အခက်အခဲများကို လွယ်ကူစွာဖြေရှင်းနိုင်သော နည်းလမ်းတစ်ခု ရှိပြီး အလွန်စိတ်ချရသော နည်းလမ်းလည်း ဖြစ်ပါသည်။ မည်သူ့ကိုမှ အားကိုးရန်မလိုပါ၊ မိမိဘာသာ အားကိုးလို့ရသည်။ မီတာဘေလ်ဆောင်ဖို့ ရုံးသို့ သွားရန်မလို၊ စက်ဖတ်ချက်အား စစ်ရန်လည်းမလို၊ စာရွက်လည်း သိမ်းထားရန် မလိုသောနည်းဖြစ်၍ အလွန်အဆင်ပြေသော နည်းလမ်းဖြစ်သော်လည်း မီးသုံးစွဲသူပြည်သူများ အနေဖြင့် ယနေ့အချိန်အထိ အသုံးပြုသူ ရာခိုင်နှုန်းနည်းပါးလွန်း နေပါသည်။

မိုဘိုင်းဖုန်းဖြင့် မီတာခကို တွက်ချက်ကြည့်နိုင်

အဆိုပါနည်းလမ်းမှာ Online မှ မီတာဘေလ် ဆောင်သော နည်းလမ်းဖြစ်သည်။ မီတာခတွက်ဖို့ လည်း ယခုခေတ်တွင် Software များစွာ၊ Appli-cation များစွာရှိ၍ မိမိတို့အသုံးပြုသော မိုဘိုင်းဖုန်း များဖြင့်ပင် တွက်ချက်ကြည့်နိုင်ပါသည်။   မိမိတို့ ဖုန်းတွင် အသုံးပြုသော Mobile Banking စနစ်ကို လိုက်၍ Pay အမျိုးအစားအမျိုးမျိုးတွင် Electricity Bill ဟု ရိုက်၍ရှာပြီး မိမိဓာတ်အားခပြေစာပေါ်ရှိ Bar code   တွင်ပါရှိသည့်    ဂဏန်းနံပါတ်အား ရိုက်ထည့်ပြီး ကျသင့်သည့်မီတာခကို  အလွယ် တကူ ပေးဆောင်နိုင်ပါသည်။             

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် Online မှ ဓာတ်အားခပေးဆောင်နိုင်သော Application များမှာယခုအခါ ၁၈ ခု အထိရှိလာခဲ့ပြီ ဖြစ်သည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း လက်အောက်ရှိ  မြို့နယ်များအလိုက် အသုံးပြုနိုင်သည့် နှစ်သက်ရာ Pay အမျိုးအစားကို  ရွေးချယ်၍ အသုံးပြုနိုင်ပါသည်။ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် စာချုပ်ချုပ်ဆို ပြီးဖြစ်၍ Online မှ ဓာတ်အားခပေးဆောင်နိုင်သော

Application များမှာ-              

(၁) ကမ္ဘောဇဘဏ် (KBZ) မှ K pay Appli-cation                                

(၂) မြန်မာ့ရှေ့ဆောင်ဘဏ်(MAB) မှ MAB Mobile Banking Application        

(၃) သမဝါယမဘဏ်(CB) မှ CB pay Appli-cation                              

(၄) ယူအေဘီဘဏ် (uab) မှ UAB  pay Application                

(၅) ဧရာဝတီဘဏ် (AYA)မှ AYA pay Appli-cation                 

(၆) မြန်မာ့အရှေ့တိုင်းဘဏ်(MOB)မှ MOB Mobile Banking Application       

(၇) ထွန်းကော်မာရှယ်ဘဏ်မှ TCB Mobile Banking Application

(၈) ဧရာဝတီ   တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက် (A Bank) မှ A B Mobile Banking Application

(၉) Myanmar Citizens Bank မှ Citizens pay Application                

(၁၀) ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Shwe Bank)မှ SB Mobile Banking Application        

(၁၁) ရိုးမဘဏ်လီမိတက်မှ YOMA  Bank Mobile Banking Application         

(၁၂) အာရှစိမ်းလန်းမှု   ဖွံ့ဖြိုးရေးဘဏ်လီမိ တက် (AGD)မှ One pay Application

(၁၃) မြန်မာ့ခရီးသွားဘဏ်လီမိတက်ဘဏ် (MTB Bank ) မှ MTB Mobile Banking Application         

(၁၄) Internet Wallet Myanmar Ltd (OKS) မှ OK$ Application                    

(၁၅) Myanmar Mobile  Money (MMM)မှ Easy pay Application

(၁၆) Mytel Wallet  International Myanmar CO.,Ltd မှ Mytel  pay Application     

(၁၇) Ooredoo Myanmar Fintech Limited မှ M-pitesan Application

(၁၈) Digital Money Myanmar Ltd မှ Wave pay Application တို့ ဖြစ်ကြပါသည်။

(၂/၂၀၂၄) လအထိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ Mobile Banking မှ တစ်ဆင့် Online Pay ဖြင့် မီတာဘေလ် ပေးဆောင်နိုင်သော Pay စနစ် ၁၈ ခုအထိ   ရှိလာပြီဖြစ်၍  ပေးဆောင်သူ စုစုပေါင်း ၄၆၀၃၅၆ ဦးအထိ ရှိလာနေပြီ ဖြစ်ပါသည်။ ထိုသို့သောပမာဏမှာ ရန်ကုန်တိုင်းဒေသကြီး၏ လက်ရှိ မီးသုံးသူ ဦးရေ ၁၆၅၃၃၈၆ ဦးနှင့် နှိုင်းယှဉ်မည်ဆိုပါက ၂၇ ဒသမ ၈၄ ရာခိုင် နှုန်းသာရှိသေးသဖြင့်  ရာခိုင်နှုန်းများစွာ နည်းနေသေးရာ Pay စနစ်များ  အသုံးပြု၍   Online  မှ ပေးဆောင်ကြပါဟု အလေးအနက် တိုက်တွန်းလိုပါ သည်။ ရုံးသို့သွားရမည့်စရိတ်၊ တန်းစီရမည့်ဒုက္ခ နှင့် အလုပ်အကိုင်ပျက်ခြင်းတို့မှကင်းဝေး၍ မိနစ် ပိုင်းအတွင်း လွယ်ကူလျင်မြန်စွာ လုံခြုံစိတ်ချစွာဖြင့် ပေးဆောင်နိုင်သဖြင့် Online စနစ်ဖြင့် ဓာတ်အားပေးဆောင် သွားကြ စေလိုပါသည်။

ဖုန်းဆိုင်၊ စတိုးဆိုင်များမှတစ်ဆင့် ပေးဆောင်နိုင်

Google Play Store တွင် Application မျိုးစုံကို ရှာဖွေခြင်းဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ ဘဏ် (သို့မဟုတ်)လုပ်ငန်း၏ အကူအညီကိုရယူ၍ Down-load လုပ်နိုင်ပြီး အသုံးပြုပုံကို မလုပ်တတ်သေး ပါကလည်း သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးသို့ ဖြစ်စေ၊ Mobile Banking (သို့မဟုတ်)Pay ဆောင်ရွက်သည့် ကုမ္ပဏီကိုဖြစ်စေ တစ်ကြိမ်ဆက်သွယ်ပြီး အသုံးပြုကြမည်ဆိုလျှင် ပြည်သူများ အတွက်ရော ဌာနအတွက်ပါ အကျိုးရှိလာနိုင်စေမည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ထို့ပြင် မိမိတို့ အနီးအနား ပတ်ဝန်းကျင်ရှိ Mobile Banking (သို့မဟုတ်) Pay တစ်ခုခုကိုအသုံးပြု၍ ဝန်ဆောင်ခ ရယူပြီး မီတာဘေလ် ဆောင်ပေးသူများ (ဖုန်းဆိုင်များ၊ စတိုးဆိုင်များ စသည့်)မှလည်း တစ်ဆင့်ပေး ဆောင်နိုင်သည်။

ဌာနအနေဖြင့် ယခင်က ဝန်ဆောင်ခသတ်မှတ် ရယူ၍ ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် ငွေကောက်ခံမှုများ ဆောင်ရွက်ပေးခဲ့သော်လည်း ယခုအခါ Mobile Banking (သို့မဟုတ်) Pay များကို ဖုန်းဖြင့်   တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်၍ ဝန်ဆောင်ခယူ၍ မော်တော်ယာဉ်ဖြင့် မီတာဘေလ် ကောက်ခံသောစနစ်ကို  ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါသည်။ Online မှ မီတာဘေလ်ဆောင်ရာတွင် သတိ ပြုရမည့်အချက်မှာ ကြွေးကျန်မရှိရန် လိုအပ်ပြီး လစဉ် (၁၃၊၁၄၊၁၅) ရက်နေ့များတွင် Mobile Ban-king (သို့မဟုတ်) Pay များပေါ်တွင် မီတာဘေလ်များ ရောက်ရှိပြီဖြစ်ပါသဖြင့် အဆိုပါရက်များမှစ၍ Last Date မတိုင်မီ တစ်ရက်အထိ  ပေးဆောင်သွားနိုင်ပြီး ကျော်လွန်ခဲ့ပါက ရက်လွန်ဒဏ်ကြေး ပေးဆောင် သွားရမည်ဖြစ်ပါသည်။ ဌာနတာဝန်မှာ  လျှပ်စစ် ဓာတ်အားအပြည့်အဝပေးနိုင်ရေး ဖြစ်သကဲ့သို့ လျှပ်စစ်မီးသုံးစွဲသော ပြည်သူများကလည်း နိုင်ငံ ကြီးသားပီသစွာ မိမိတို့သုံးစွဲသော ဓာတ်အားခများကို မှန်မှန်ကန်ကန်ပေးချေသွားရန်လိုအပ်ပြီး အချိန် ကုန်လူပန်းမဖြစ်စေနိုင်သော Online မှ ပေးဆောင်ခြင်းကို စိတ်ချယုံကြည်ရမှု ရာနှုန်းပြည့်ရှိသဖြင့် ရွေးချယ် အသုံးပြုသင့်ကြပါသည်။

အချုပ်အားဖြင့် တင်ပြလိုသည်မှာ မိမိတို့ ပေးဆောင်လိုသော Mobile Banking စနစ်တစ်မျိုးမျိုးတွင် မီတာ စာရွက်ပေါ်ရှိ Bar code နံပါတ်များ မှန်မှန်ကန်ကန် ဖြည့်သွင်း၍ ကိုယ်တိုင် ပေးဆောင်ခြင်းဖြင့်ဖြစ်စေ၊ နီးစပ်ရာဝန်ဆောင် ပေးသူများ အကူအညီရယူ၍ဖြစ်စေ Online မှ ဓာတ်အားခပေးဆောင်ခြင်းဖြင့် လျင်မြန်၍ လုံခြုံပြီး စိတ်ချရသဖြင့် မဖြစ်မနေကူးပြောင်း ဆောင်ရွက်ကြရန် ထပ်မံတိုက်တွန်း တင်ပြလိုပါသည်။ မဝေးလှသောကာလတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် အောင်ဘာလေထီကဲ့သို့မျိုး Mebill ဟုခေါ်သော မိုဘိုင်းဖုန်း ဖြင့် ကျသင့်ဘေလ်ကို တိုက်ရိုက်ဖတ်ရှုသိရှိနိုင်မည့် Application မှတစ်ဆင့် သက်ဆိုင်ရာ ပေးဆောင်လို သည့် Mobile Banking (သို့မဟုတ်) Pay သို့ တိုက်ရိုက်ပေးသွင်း ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်း လျက်ရှိရာ Online မှ မီတာဘေလ်ဆောင်ခဲ့သည့် စနစ်သို့ ကူးပြောင်းသုံးစွဲပေးကြပါရန် အလေးအနက် တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။        ။