စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တူမီးသေနက်တစ်လက် ဖမ်းဆီးရမိ

မူးယစ်တပ်ဖွဲ့စု(၁၆) (ပြင်ဦးလွင်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင် ဘုရားလိုဏ်ဂူသွားလမ်း၊ ဝက်ဝံအခြေခံပညာမူလတန်း ကျောင်းအနီးတွင် မင်းချစ်သူ (ခ) အရှည်ကြီး မောင်းနှင်ပြီး ဖြိုးသူလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀ နှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၁ နာရီခွဲတွင် နောင်ချိုမြို့နယ်၊ ညောင်ထောက် ကျေးရွာအုပ်စု၊ ညောင်ထောက်ကျေးရွာနေ မဖြူ (ခ) ဒေါ်သီနွယ် နေအိမ်အား ဝင်ရောက်ရှာဖွေရာ  နေအိမ်တွင် ၎င်းအားမတွေ့ရှိဘဲ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁၇၇ ပြား၊ ငွေ ကျပ်၁၀ သိန်းနှင့် ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

အလားတူ ယင်းနေ့ နံနက်အစောပိုင်းက သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၊ အောင်ဆန်းလမ်း၊ အမှတ်(မ/၁၂)နေ အထွေး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ပိုင်ပိုင် (ခ) စိုးထက်ပိုင်၊ နေဇာတို့အား တွေ့ရှိရပြီး နေဇာမှာ ထွက်ပြေးသွားသဖြင့် အထွေးနှင့် ပိုင်ပိုင် (ခ) စိုးထက်ပိုင်တို့ကို ဆက်လက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၃ ပြား၊ တူမီးသေနတ်တစ်လက်၊ ငွေကျပ် ၂၇၀ဝ၀ လက်ကိုင်ဖုန်းတစ်လုံးနှင့် မော်တော်ဆိုင်ကယ် (၂)စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား