စိုးသီဟ၏ သရုပ်ဆောင်မှုနှင့်မြင်တွေ့ရမည့် ယောက္ခမတောဝါ မကြာမီရိုက်ကူးပြီးစီးမည်

၁၈   ဇန်နဝါရီ
 
သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်၏ မောင်ဖြစ်သူ သရုပ်ဆောင် စိုးသီဟ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးပုံ ဖော်ထားသည့် ယောက္ခမတောဝါ ဟာသဇာတ်မြူးဗီဒီယိုကားအား ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ  မျက်ခြယ် ရုပ်ရှင်ရိုက်ကူးရေးခြံတွင် ရိုက်ကူးလျက်ရှိကြောင်းသိရသည်။
 
ယင်းဇာတ်ကားသည် စိုးသီဟ၏ စတုထ္ထမြောက်ဇာတ်ကားဖြစ်ပြီး ဟာသဇာတ်မြူးဖြစ်သည့်အတွက် ပရိသတ် ကြီးအား ပျော်ရွှင်မှုပေးစွမ်းနိုင်မည်ဟု ယုံကြည်ကြောင်း စိုးသီဟက ပြောသည်။

mdn


 
“ဒီကားလေးကတော့ ကိုနိုင်ကြီး (ကျော်ရဲအောင်)က ယောက်ခမလောင်း ၊ကျွန်တော်က သမက်လောင်း ထုံးစံအတိုင်းယောက္ခမနဲ့ သားမက် မတည့်တာကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ကျေးလက်ဟာသ ဇာတ်လမ်း လေးပါပဲ။ ဟာသဇာတ်ကားလေးဆိုတော့ ကျွန်တော်က မလုပ်ဖူးတော့ လေ့ကျင့်ရတယ်။ ဟာသဇာတ် မြုးဖြစ်တော့ ရယ်ရအောင် အိုက်တင်လေးကိုတော့ အိုဗာလုပ်ရတယ်။ ခါတိုင်းလို အငြိမ်နဲ့သွားလို့မရဘူး။ ဇာတ်ကောင်ကလည်း အလှုပ်ဆိုတော့ အက်တင်ကိုလှုပ်ထားရတယ်။ အားပေးကြဖို့မျှော်လင့်ပါတယ်   '' ဟု သရုပ်ဆောင်စိုးသီဟ ကပြောသည်။
 
ယောက္ခတောဝါ ဗီဒီယိုဇာတ်ကားကို ဒါရိုက်တာမျိုးထူးက ရိုက်ကူးလျက်ရှိပြီး သရုပ်ဆောင် ကျော်ရဲအောင် လှမျိုးသဉ္ဖာနွယ်၊ ဆုမြတ်နိုးဦးတို့နှင့်အတူရိုက်ကူးထားကြောင်းသိရသည်။ 
 
''ကျွန်တော်ကတော့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်မှုစရိုက် အစုံရိုက်ဖို့ စိတ်ကူးထားပါတယ်။ ကျွန်တော်ရိုက် ခွင့်ရထားပြီးတာတွေက ဒရမ်မာဇာတ်ရုပ်နဲ့ ရိုမန့်တစ်ဆန်တာလေးတွေရှိတယ်။ အခုကားလေးကတော့ ဟာသ ဆိုပေမယ့် ဟာသလည်း ပေါ့ပေါ့ပါးပါးပေမယ့် လေ့ကျင့်ပြီး ကြိုးစားသရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင် လိုင်းကို ရွေးချယ်ထားပြီဆိုတော့ စရိုက်စုံအောင် ကြိုးစားသရုပ်ဆောင်ဖြစ်ချင်တယ်။ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ချင်တယ်။ အဲဒါကြောင့် ပရိသတ်တွေ ရယ်ရဖို့ ကားလေးတွေလည်း ရိုက်မယ်''  ဟု စိုးသီဟက ပြောသည်။
 
ကိုလင်း