စကောကရင်စာပေကို အခြေခံပညာကျောင်း (၁၁)ကျောင်းတွင် သင်ကြားပေး

ကြို့ပင်ကောက် ၂၁  သြဂုတ် 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် စကောကရင်စာပေကို အခြေခံ ပညာကျောင်း(၁၁) ကျောင်းတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ကြို့ပင်ကောက်တစ်မြို့နယ်လုံးတွင် ကရင်ကျေးရွာ ၂၇ ရွာခန့်ရှိပြီး ကရင်လူမျိုးစုဦးရေ ငါးသောင်းခန့်ရှိကြောင်း ကရင်ဘာသာကျွမ်းကျင်သည့် မြို့ခံနှင့် အခြားမြို့နယ်များမှ ဆရာ၊ ဆရာမများကိုခေါ်ယူပြီး အခြေခံပညာကျောင်း ၁၁ ကျောင်းတွင် စကောကရင် စာပေကို သင်ကြားပေးလျက်ရှိရာ အချို့ကို နိုင်ငံတော်အစိုးရမှ နေ့စားလပေး၊ အချို့ဆရာ၊ ဆရာ မများကို ချီးမြှင့်ငွေအနေဖြင့် ပံ့ပိုးပေးသည်။

 

 ကရင်စာပေ Grade(1)အဆင့်အား သူငယ်တန်းနှင့် ပထမတန်း၊ ကရင်စာပေ Grade(2) အဆင့်အား ဒုတိယတန်းနှင့် တတိယတန်း၊ ကရင်စာပေ Grade(3)အဆင့်အား စတုတ္ထ တန်းနှင့်အထက် ကျောင်းသားကျောင်းသူများကို ကျောင်းခေါ်ချိန် (စာသင်ချိန်)ပြင်ပတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း မြို့နယ်စကောကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှနာ ယက ဦးစောခလီပလာမှ ပြောကြားသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)