စက်မှုနှင့် အသက်မွေး ရွေ့လျားသင်တန်း အခြေခံသံဂဟေဆက် သင်တန်းဆင်းပွဲ ကျင်းပ

စေတုတ္တရာ ၂၅   ဇန်နဝါရီ

        
ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ စက်မှုဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းအစီစဉ်ဖြင့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း အခြေခံသံဂဟေဆက် အမှတ်စဉ်(၈၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၅  ရက်နေ့ နံနက် ၉ နာရီခွဲ က စေတုတ္တရာမြို့နယ် မြို့နယ်ဓမ္မာစကူးလ်ခန်းမ၌ ကျင်းပခဲ့သည်။

 

123


အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) ၊ ကျောင်းအုပ်ကြီး ဦးသန့်ဇင်က လည်းကောင်း ၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက လည်းကောင်း သင်တန်းဆင်း အမှာစကားများ ပြောကြားခဲ့ကြသည်။ 

 

123

 

ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုများ ရရှိခဲ့သော သင်တန်းများအား တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး ၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စာလှယ် ဦးထွန်းထွန်းဝင်း ၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦး တို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် သင်တန်းသားများအား အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) ၊ ကျောင်းအုပ်ကြီး ဦးသန့်ဇင်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းများကိုယ်စား သင်တန်းသားတစ်ဦးဖြစ်သူ ဦးချိုမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

123


အဆိုပါ သင်တန်းကို ဇန်နဝါရီ ၁၃ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး စေတုတ္တရာမြို့နယ် အတွင်းရှိ အုပ်စုကျေးရွာများမှ သင်တန်သား ဦးရေ ၃၀ ကို သင်ကြားပို့ချ နိုင်ခဲ့ကြောင်း သိရသည်။


စည်သူလွင်(ပြန်/ဆက်)