စက်တင်ဘာ တတိယ ၁၀ ရက်ပတ်အတွက် မြစ်ရေ အခြေအနေ ခန့်မှန်းချက်များ

နေပြည်တော် ၁၈ စက်တင်ဘာ 


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ တတိယ( ၁၀) ရက်ပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို ၁၈-၉-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်သည်။


ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့တွင် ၃-ပေမှ ၅-ပေခန့်နှင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂-ပေမှ ၃-ပေခန့် လက်ရှိရေအမှတ် များအထက် မြင့်တက်လာနိုင်သည်။


ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃-ပေမှ ၅-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။


MDN