စလင်းမြို့နယ်တွင် ဆိုင်ကယ်နှစ်စီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိ

နေပြည်တော် ၃  သြဂုတ် 


မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ စလင်း-ဆင်ဖြူကျွန်း ကားလမ်းမိုင်တိုင်အမှတ် ၃၅/ဝ တွင် သြဂုတ်လ ၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါလမ်းအတိုင်း တောင်မှမြောက်သို့ စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာနေ မိုးသူ(၂၇)နှစ် မောင်းနှင်ပြီး သကိုင်ကျေးရွာနေ ကျော်နိုင်ဝင်း(၃၈)နှစ် လိုက်ပါလာသော ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မှ ပေါင်းနားရပ်ကွက်နေ မျိုးနိုင်ထွေး(၂၇)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်တို့သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် မိုးသူ၊ မျိုးနိုင်ထွေးနှင့် ကျော်နိုင်ဝင်းတို့တွင် ဒဏ်ရာများရရှိခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍  မိုးသူနှင့် မျိုးနိုင်ထွေးတို့(၂)ဦးအား စလင်းမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


MDN