Cloud အခြေပြု ဒစ်ဂျစ်တယ် ဘဏ္ဍာရေး ၀န်ဆောင်မှုဖြစ်သည့် mobiquity® Pay ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

မန္တလေး၊ ၁၇ ဒီဇင်ဘာ

 

ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ကုမ္ပဏီ ဖြစ်သည့် Comviva သည် ဒစ်ဂျစ်တယ်ပိုက်ဆံနှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုများအတွက် လိုအပ်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန် mobiquity® Pay ကို မြန်မာနိုင်ငံတွင် ယနေ့မှစ၍ စတင်မိတ်ဆက်လိုက်သည်။

 

Comviva mobiquity® Pay သည် white-labeled အဖြစ် သတ်မှတ်ခံထားရသည့် ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများအနက် တစ်ခုဖြစ်သော Comviva ၏ mobiquity ပလက်ဖောင်းကို အဆင်မြှင့်ထားခြင်းဖြစ်သည်။ 

 

“ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးဝန်ဆောင်မှုကဏ္ဍဟာ အရှိန်အဟုန်နဲ့ လျင်လျင်မြန်မြန် ပြောင်းလဲနေပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ cloud အခြေပြု စွမ်းဆောင်ရည်မြင့် mobiquity® Pay ပလက်ဖောင်းကို မိတ်ဆက် ပေးခဲ့တာပါ” ဟု Comviva ၏ Digital Financial Solutions ဌာနမှ COO နှင့် EVP ဖြစ်သူ Srinivas Nidugondi က မိတ်ဆက်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

 

mobiquity® Pay သည် အရှေ့‌တောင်အာရှမှ ‌အရှေ့အလယ်ပိုင်းနိုင်ငံများအပါအဝင်၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများထိ နိုင်ငံပေါင်း ၅၀ ကျော်မှ ဘဏ္ဍာရေးဆိုင်ရာ ဒစ်ဂျစ်တယ် ငွေကြေးလုပ်ငန်းပေါင်း ၇၀ ကျော်ကို ၎င်းတို့၏ သုံးစွဲသူ သန်း (၁၃၀) ကျော်၏ လိုအပ်ချက်နှင့်အညီ ဘဏ္ဍာရေး ဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၃၀) ဘီလီယံ တန်ကြေးရှိ ငွေလွှဲမှု အကြိမ်ရေ (၇) ဘီလီယံကျော်ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 mobiquity® Pay သည် ငွေလွှဲခြင်း၊ ဘီလ်များပေးဆောင်ခြင်းနှင့် ရောင်းသူဝယ်သူဆိုင်ရာ ငွေပေးချေခြင်း၊ လစာပေးခြင်းစသည့် ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးကိစ္စရပ်များကို ကြိုတင်ငွေ ဖြည့်သွင်းထားသည့် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် stored value account (SVA) လုပ်ဆောင်မှုကို ထောက်ပံ့ပေးခြင်းဖြစ်သည်။

 

အလွယ်တကူ ဆောင်ရွက်နိုင်သည့် ပံ့ပိုးမှုများ (open supply chain) သည် ဟာ့ဒ်ဝဲလ်များ တပ်ဆင်ရာတွင် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်သည်။

 

အဆိုပါအချက်သည် သီးသန့် (သို့မဟုတ်) အများပိုင် cloud ဆာဗာများအတွက် ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် Amazon AWS၊ Oracle cloud သို့မဟုတ် Azure စသည့် cloud ဝန်ဆောင်မှု များအတွင်းတွင်လည်း ကန့်သတ်ချက်မရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 

မေသက်ထား