စွမ်းအင်ကို အကျိုးရှိ ထိရောက်စွာအသုံးချနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော်   ၁၅    ဖေဖော်ဝါရီ 

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည်Huawei TechnologiesCo.,Ltdအဖွဲ့အားယနေ့ မွန်းလွဲ၁နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8)အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းများတွင် Smart Gridနည်းပညာကိုအသုံးပြု၍ လျှပ်စစ်ဓါတ်အားလုံလောက်စွာရရှိရေးနှင့် စွမ်းအင်ကို အကျိုးရှိ ထိရောက်စွာအသုံးချနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။

 

(သတင်းစဉ်)