စမ်းချောင်းမြို့နယ်၊ အောင်မင်္ဂလာသိဒ္ဓိကျောင်းရှေ့တွင် သစ်ပင်လဲကျမှုဖြစ်ပွား လူထိခိုက်ဒဏ်ရာရရှိမှု မရှိ

ရန်ကုန် ၁၄ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗဟိုလမ်း၊ အောင်မင်္ဂလာ သိဒ္ဓိကျောင်းရှေ့တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အားမာန်လူငယ်ပရဟိတအသင်းမှ လူနာတင်ယာဉ်(၁)စီးတို့ဖြင့် ရှင်းလင်းလုပ်ငန်းများဆောင်ရွက်ခဲပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

MDN