စွန့်စားခန်းရုပ်ရှင်သစ်မှာ ပါဝင်သွားမယ့် ရွိုင်ယန်ရေးနော့ဗ်

၂၈  ဧပြီ

ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်သူ မင်းသား ရွိုင်ယန်ရေးနော့ဗ်ဟာ အချိန်ပြောင်းလဲမှုတွေ ပါဝင်နေတဲ့ စွန့်စားခန်း ရုပ်ရှင်သစ်မှာ ပါဝင်သွားမှာဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

အသက် ၄၃ နှစ်အရွယ်မင်းသား ရွိုင်ယန်ရေးနာ့ဗ်ဟာ ဒါရိုက်တာ ဆွမ်းလက်ဗီ ရိုက်ကူးသွားမယ့် ရုပ်ရှင်သစ်မှာ ပါဝင်သွားမှာဖြစ်ပြီး ရုပ်ရှင်ရဲ့ အမည်ကိုတော့ လတ်တလောအချိန်အထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ အဆိုပါ ရုပ်ရှင်ကို ရွိုင်ယန်ရေးနော့ဗ်နဲ့ ဆွမ်းလက်ဗီတို့လည်း ထုတ်လုပ်သူတွေအဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ ရွိုင်ယန်ရေးနော့ဗ်ပါဝင်ထားတဲ့ ဇာတ်ကောင်ဟာ သူ့အသက် ၁၃ နှစ်အရွယ်ကို အချိန်တွေပြန်လှည့်ကာ ပြန်လည်ရောက်ရှိခဲ့ သူဖြစ်ပါတယ်။ အချိန်တွေကို နောက်ကြောင်းပြန်ရင်းက လက်ရှိဘဝကို ကူညီနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကိုတော့ ဂျွန်နသန်ထရူပါက ရေးသားထားတာဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက စတင်ဖန်တီးနေတဲ့ ဇာတ်လမ်းဖြစ်ကာ ယခင်က အဆိုပါရုပ်ရှင်မှာ မင်းသား တွမ်ခရူးဇ်ကို သရုပ်ဆောင်နေရာ တစ်နေရာမှာပါဝင်ဖို့ရာ လျာထားခဲ့ဖူးကြောင်းလည်း သိရပါတယ်။

အဆိုပါရုပ်ရှင်ကို ဇူလိုင် ၄ ရက်မှာ စတင်ရုံ တင်သွားဖို့ရာ စီစဉ်ထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေကြောင့် ရုံတင်ရက်ကို ဒီဇင်ဘာ ၁၁ ရက်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်းလည်း သိရပါတယ်။

အေးပြည့်

 

sub-buzz-2210-1585827467-1

 

ryan-reynolds-2016