စင်ကာပူ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၀၀ နီးပါး ထပ်မံတွေ့ရှိ

 

စင်ကာပူ    ၁၂   မေ

စင်ကာပူနိုင်ငံ၌ မေ ၁ဝ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသည့် အတည်ပြုလူနာ ၈၇၆ ဦး ထပ်မံပေါ်ထွက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီးနောက်တွင် တစ်နိုင်ငံလုံး ရောဂါကူးစက်ခံရသူ အရေအတွက် ၂၃၃၃၆ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

အသစ်ထပ်မံတွေ့ရှိရသည့် ကူးစက်မှုများအနက် လေးဦးမှာ လူမှုအဖွဲ့ အစည်းအတွင်း ကူးစက်ခံရခြင်းဖြစ်ပြီး ၁၁ ဦးမှာ အလုပ်သမားလိုင်းခန်းများ အပြင်ဘက်တွင် နေထိုင်ကြသည့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ကာ ၈၆၀ မှာ အလုပ်သမား လိုင်းခန်းများထဲတွင် နေထိုင်လျက်ရှိကြသူများ ဖြစ်ကြောင်း သိရသည်။

ခရီးသွားရာဇဝင်ရှိ ရောဂါကူးစက်ခံရသူတစ်ဦးမှာ အသက် ၆၁ နှစ်ရှိ စင်ကာပူအမျိုးသား တစ်ဦးဖြစ်ပြီး ကာတာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိသူ ဖြစ်သည်။

ပြန်ဆင်းခွင့်ရပြီးခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်ခံခဲ့ရသည့် လူနာ ၄၂၅ ဦးမှာ ဆေးရုံများနှင့် ကန့်သတ်စောင့်ကြည့်ထားရှိရာ အဆောက် အအုံများမှ ပြန်ဆင်းခွင့်ရရှိခဲ့ပြီး အများစုမှာ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိကာ ၂၂ ဦးမှာ အထူးကြပ်မတ်ကုသဆောင်၌ အရေးပေါ်ကုသမှုခံယူနေကြောင်း သိရသည်။

ဆင်ဟွာ