စင်ကာပူနိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ၁၄၀၀ ကျော် ရှိကြောင်း သိရ

၂၀ ဧပြီ

 

စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ၁၄၀၀ ရှိကြောင်း ဒီနေ့ (တနင်္လာနေ့) မှာ ထုတ်ပြန်ကြေညာလိုက်တဲ့အတွက် ရောဂါပိုးရှိသူပေါင်း ၈၀၀၀ ကျော် ရှိပြီလို့ သိရပါတယ်။

 

အရှေ့တောင်အာရှမှာ ရောဂါပိုးကူးစက်သူ အများဆုံးဖြစ်လာတဲ့ စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးတာဝန်ရှိသူတွေ အပြောအရ ၂၄ နာရီအတွင်း ရောဂါပိုးတွေ့ရှိသူ ၁၄၂၆ ဦး တွေ့ရှိကြောင်း၊  ရောဂါပိုးတွေ့ရှိသူ အများစုဟာ နိုင်ငံခြားသား လုပ်သားတွေဖြစ်ပြီး စင်ကာပူနိုင်ငံသား သို့မဟုတ် နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရှိသူ ၁၆ ဉီးသာ ပါဝင်ကြောင်းသိရပါတယ်။

 

စင်ကာပူနိုင်ငံမှာ ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၈၀၁၄ ဦးရှိပြီး ၁၁ ဦးသေဆုံးကြောင်း ဧပြီ ၂၀ ရက်ထုတ်ပြန်တဲ့ သတင်းအရ သိရပါတယ်။

 

နိူင်ငံခြားသားလုပ်သားတွေကို ကျယ်ကျယ်ပြန့်ပြန့် ရောဂါစစ်ဆေးပြီးနောက် အခုလို ရောဂါပိုးတွေ့ရှိသူပမာဏ များပြားလာတာဖြစ်ပါတယ်။ အချိန်အကြာ အလုပ်လုပ်ပြီးမှ တစ်လကို အမေရိကန်ဒေါ်လာ ၄၀၀-၅၀၀ ကြား ဝင်ငွေရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေနေထိုင်ရာ အဆောင်တွေမှာ လူအဆမတန်များလွန်းတာကို တွေ့ရပါတယ်။ အလုပ်သမားအများစုဟာ ဆောက်လုပ်ရေးလုပ်သားတွေဖြစ်ကြပါတယ်။

 

mdn

 

အလုပ်သမားတွေ နေထိုင်တဲ့ တန်းလျားဆောင် သုံး၊ လေးဆောင်မှာ ရောဂါပိုး ကူးစက်ပျံ့နှံ့နေတဲ့အတွက် အဲဒီမှာနေထိုင်တဲ့ အလုပ်သမားတွေကို သီတင်း နှစ်ပတ်တိတိ အဆောင်အတွင်းကနေ အပြင်ထွက်ခွင့်မရရှိဘဲ အစိုးရက အစားစာတွေနဲ့ သန့်ရှင်းလုပ်ဆောင်မှုတွေ ပေးနေပါတယ်။

 

ဝန်ကြီးချုပ် လီရှန်လွန်း က နိုင်ငံခြားသား အလုပ်သမားတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်။ အရေအတွက် ပိုများလာနိုင်ကြောင်း သတိပေးထားပါတယ်။ ဒါ့အပြင် အလုပ်သမားတွေက ငယ်ရွယ်သူတွေဖြစ်တဲ့ အတွက် ရောဂါပိုး ကူးစက်ခံထားရသူ အများစုရဲ့ ရောဂါလက္ခဏာဟာ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်တာက ကံကောင်းပါတယ်လို့ ဆိုပါတယ်။

 

MDN
ကိုးကား -AFP