စံချိန်သစ်တင်လိုက်ပြန်တဲ့ BTS

တောင်ကိုရီးယားရဲ့ ကမ္ဘာကျော်အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTSဟာလတ်တလောမှာ စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဖွဲ့ရဲ့ ကျော်ကြားတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ | DNA ဟာ လတ်တလောမှာ ကြည့်ရှုသူ သန်း ၉ဝဝ ပြည့်ခဲ့ပြီး ဒါဟာ အမျိုးသားကေပေါ့ပ်တေးဂီတအဖွဲ့တွေရဲ့ တေးဗီဒီယိုတွေအနက် ကြည့်ရှုသူ သန်း ၉၀ဝ ပြည့်ခဲ့တဲ့ ပထမဆုံးသော တေးသီချင်းလည်းဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

DNA ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်က စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်မှာ ကြည့်ရှုသူ သန်း ၉၀ဝ ပြည့်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါတေးဗီဒီယိုဟာ ကေပေါ့ပ်အမျိုးသားတေးဂီတအဖွဲ့တွေအနက် ကြည့်ရှုသူ သန်း ၉၀ဝ ပြည့်မြောက်ခဲ့တဲ့ ပထမဆုံးသော တေးဗီဒီယိုဖြစ်ပါတယ်။ တောင်ကိုရီးယားအမျိုးသား | တစ်ကိုယ်တော်တေးသံရှင် Psy ရဲ့ တေးသီချင်းနှစ်ပုဒ်ဖြစ်တဲ့ Gangnam Style နဲ့ Gentleman | တို့ဟာလည်း အဆိုပါစံချိန်ကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ တေးဂီတအဖွဲ့တွေအနက် အမျိုးသမီးတေးဂီတအဖွဲ့ BLACK PINK ရဲ့ ကျော်ကြားတဲ့ တေးသီချင်း DDJ-DU DDF-DU ဟာလည်း ကြည့်ရှုသူ သန်း ၉၀ဝ ပြည့်မြောက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်