စည်းလုံး ညီညွတ်စွာ နေထိုင်လုပ်ကိုင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ‘အား’ တစ်ခုကို ဖြစ်စေနိုင်

နေပြည်တော် ၃  ဇွန်

 

ကိုကိုးကျွန်းသည် မြန်မာနိုင်ငံ တောင်ပိုင်းရှိ အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်နေ သော နိုင်ငံတော်အတွက် အရေးကြီး နေရာတစ်ခု ဖြစ်ကြောင်း၊ ယခင်ခေတ်အဆက် ဆက်အစိုးရများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသော်လည်း လိုအပ်ချက်များ ရှိခဲ့ပါကြောင်း၊ ယင်းလိုအပ်ချက် များကို လေ့လာပြီး ၂၀၁၂ ခုနှစ်မှ စတင်၍ နိုင်ငံတော်အပိုင်း၊ တပ်မတော်အပိုင်းက လုပ်ဆောင် ပေးနိုင်သည် များကို ဆောင်ရွက်ပေးခဲ့ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုကိုးကျွန်း မြို့နယ်ခန်းမတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ၌ ထည့်သွင်းပြောကြားသည်။

 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဇနီးဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့သို့ရောက်ရှိရာ လေဆိပ်၌ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် မြို့နယ်ခန်းမတွင် ကိုကိုးကျွန်း မြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ လူမှုအသင်း အဖွဲ့များ၊ စစ်မှုထမ်းဟောင်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီချုပ်က ၂၀၁၂ခုနှစ်၊ ကိုကိုကျွန်းသို့ စတင်ရောက်ရှိ စဉ်ကပင် သွားလာရေး လိုအပ်ချက်အတွက် လေယာဉ်ကွင်း တိုးချဲ့ပြုပြင်ရေး လုပ်ငန်းများကို ပထမ ဆုံး ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ယခုဆိုလျှင် လုံလောက်သောလေယာဉ်ပြေးလမ်း အတိုင်းအတာ ရရှိပြီ ဖြစ်ကြောင်း၊ ထို့အပြင်သွားလာမှု အဆင်ပြေစေရန် နှစ်ပတ်လျှင်တစ်ကြိမ် တပ်မတော် လေယာဉ် ခရီးစဉ်များ စီစဉ်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ဒေသခံပြည်သူအများ အဆင်ပြေစွာ သွားလာ နိုင်ရန်၊ ကုန်ပစ္စည်းများပို့ဆောင် နိုင်ရန်အတွက်  ရေတပ်သင်္ဘောများကိုလည်း စီစဉ်ပြေးဆွဲ ပေးခဲ့ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သောက်သုံးရေ လိုအပ်ချက်၊ လျှပ်စစ်မီး လိုအပ်ချက် များကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆက်လက်ပြီး နိုင်ငံတော်မှ ရရှိသည့် ဘဏ္ဍာငွေ၊ စေတနာရှင်၊ အလှူရှင် များမှ လှူဒါန်းငွေများဖြင့် မြို့သာယာလှပရေး အတွက် ဆောင်ရွက် ပေးခဲ့ပါကြောင်း။

 

အနာဂတ် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးသည် ပညာရေးအပေါ်တွင် များစွာမူတည်ပါကြောင်း၊   ပညာရေး အတွက် ကျောင်းသား၊ ဆရာ၊ မိဘသာမက တာဝန်ရှိ သူများ၊ ဒေသခံပြည်သူများ ကပါ အားပေး ဆောင်ရွက်ရန် တိုက်တွန်း လိုပါကြောင်း၊ ထို့အတူ တိုင်းပြည်တိုးတက်ဖွံ့ဖြိုး အောင်ဆောင် ရွက်ရာတွင် ကျန်းမာ ကြံ့ခိုင်သည့် ပြည်သူများရှိရန်လိုကြောင်း၊ ကျန်းမာမှသာ ဉာဏ်ထက်မြက်ပြီး ပညာတတ်များဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဒေသခံတပ် အပါအဝင် ဌာနဆိုင်ရာများ၊ ဝန်ထမ်းအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ညီအစ်ကို မောင်နှမ သဖွယ်မိသားစု စိတ်ဓါတ်ဖြင့် စည်းလုံး ညီညွတ်စွာနေထိုင်လုပ်ကိုင် ကြရမည် ဖြစ်ကြောင်း၊ ထိုသို့ စည်းလုံးညီညွတ်စွာ နေထိုင်လုပ်ကိုင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေး အတွက် ‘အား’ တစ်ခုကို ဖြစ်စေနိုင်ပါကြောင်း။

 

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်၊ တိုင်းဒေသကြီးအစိုးရနှင့် တာဝန်ရှိသူများက ဝိုင်းဝန်း ဆောင်ရွက်ပေးနေသကဲ့သို့ ဒေသခံများကလည်း ကိုယ်တိုင်ကြိုးစားအား ထုတ်လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ကိုကိုးကျွန်းတွင် သွားလာရေး၊ သယ်ယူပို့ဆောင်ရေးပိုမိုအဆင်ပြေစေရန် သင်္ဘောများ ဆိုက်ကပ် နိုင်သည့် Jetty တစ်ခုဆောင်ရွက် နေပါကြောင်း၊ ယင်း Jetty ပြီးစီးပါက ခရီးသွား လုပ်ငန်းပါ အဆင်ပြေ လာနိုင်ပါကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုစေရန် ၂၀၁၄ ခုနှစ် အတွင်း ကိုကိုးကျွန်း၌ CDMA တယ်လီဖုန်းဆက်သွယ်မှုရရှိအောင် ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းပြည်ပ လွယ်ကူစွာ ဆက်သွယ်နိုင်သဖြင့် ဒေသခံပြည်သူများ အတွက်များစွာ အကျိုးရှိပါကြောင်း၊ တပ်မတော် အနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအား တတ်နိုင် သလောက် ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကိုကိုးကျွန်းဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု များမှာ တပ်မတော်မှပူးပေါင်း ဆောင်ရွက်ပေးမှုကြောင့် ဖြစ်ပါကြောင်း၊ ဆက်လက်၍ လည်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ပေးပါရန် မြို့သူမြို့သားများကိုယ်စား ပြောကြား လိုပါကြောင့် ဖြင့် ဖြည့်စွက်ပြောကြား သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကွန်ပျူတာများနှင့် စာအုပ်စာစောင်များကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှက ဒံပေါက်ထုပ်များနှင့် စားသောက် ဖွယ်ရာ များကိုလည်းကောင်း ပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသုံးဗလာစာအုပ်များကို လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေက အားကစား ပစ္စည်းများကိုလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က ကျောင်းသုံးစာရေးကိရိယာနှင့် လွယ်အိတ်များ ကိုလည်းကောင်း၊ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦးက အခြေခံစားကုန်နှင့် အဝတ် အထည် များကို လည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ရွှေဖီဦးအသင့် ဖျော်လက် ဘက်ရည်ထုပ်နှင့် အချိုရည်များ၊ အသီးအနှံများကို လည်းကောင်း ပေးအပ်ကြရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူ ကြသည်။

 

ဆက်လက်ပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဌ ဦးအောင်ဇော်က ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

ယင်းနောက်ကိုကိုးကျွန်းတွင် နှစ်စဉ်နှစ်တိုင်းကျွန်းမြေများအား ပင်လယ်ဒီရေ တိုက်စား နေခြင်းမှ ကာကွယ်ရန်အတွက် ဒီရေလှိုင်းကာမြေထိန်း နံရံတည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းမှာ ကြားသည်။

 

၎င်းနောက် ကိုကိုးကျွန်း ဆိပ်ခံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး တာဝန်ရှိသူ များက မီတာ ၁၀ဝ Jetty တည်ဆောက်မည့် လုပ်ငန်း အဆင့်ဆင့်ကို ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ Jetty နေရာရှိ မူလအောက်ခံမှာ ကျောက်ပြင် ကျောက်သားများ ဖြစ်၍ အခြားဆိပ်ခံ တံတားများ ကဲ့သို့ ကွန်ကရိပိုင်ရိုက်ခြင်း၊ ဘိုးပိုင်တူးခြင်းလုပ်ငန်းများဆောင်ရွက် နိုင်ခြင်းမရှိသဖြင့် မူလကျောက်သားပေါ်တွင် တစ်တုံးလျှင်အလေးချိန် ၁၀ တန်ရှိသည့် ၂ မီတာပတ်လည်အရွယ်အစား ကွန်ကရစ်တုံးကြီးများအား တစ်တုံးနှင့်တစ်တုံးကီးလိုင်းများဖြင့် ချိတ်ဆက်ပြီး ပင်လယ်ရေလှိုင်းဒဏ် ခံနိုင်မှုရှိစေရန် အဆင့်မြင့်နည်းပညာသုံး တည်ဆောက် သွားမည်ဖြစ်သည်။

 

ထိုသို့ တည်ဆောက်နိုင်ရန် တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်၊ ဂျပန်နိုင်ငံရေကြောင်း ပညာ တက္ကသိုလ်တို့မှ ပညာရှင်များ ပူးပေါင်း၍ Gravity Type Precast Conc. Block Jetty အဖြစ် မြန်မာနိုင်ငံ၏ ပထမဆုံး ဒီဇိုင်းပုံစံထုတ်၍ ဆောင်ရွက်နေ ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

 

mdn

 

mdn