စွန့်ပစ်ပလတ်စတစ် ဘူးခွံများကို ပြန်လည်အသုံးပြုကာအဝတ်အစားထုတ်လုပ်မည်

တိုကျို  ၁၉  စက်တင်ဘာ

ဂျပန်နိုင်ငံမှ အဝတ်အထည်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Uniqlo သည် စွန့်ပစ်ပလတ်စတစ် ဘူးခွံများကို ပြန်လည်အသုံးပြုကာ ထုတ်ယူထားသည့် ချည်မျှင်များဖြင့် ရက်လုပ်ထားသည့် ထုတ်ကုန်များကို လာမည့်နှစ် နွေဦးရာသီ၌ ရောင်းချသွားရန် စီစဉ်လျက်ရှိသည်။

Uniqlo  အထည်လုပ်ငန်းဆောင် ရွက်နေသည့် Fast Retailing  ကုမ္ပဏီ နှင့် Toray Industries အထည်အလိပ်နှင့် ဓာတုပစ္စည်းကုမ္ပဏီတို့သည် ပလတ်စတစ်ဘူးခွံများမှ ထုတ်ယူထားသည့် ပေါ်လီယက်စတာခေါ် ဓာတုနည်းဖြင့် ပြုလုပ်ထားသည့် အမျှင်များဖြင့် ပြုလုပ်ထားသည့် အဝတ်အထည်များကို တီထွင်ထုတ်လုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ပလတ်စတစ်ဘူးခွံများတွင်ရှိသည့် အညစ်အကြေးများကို ဖယ်ရှားသန့်စင်သည့် နည်းပညာကို အဆင့်မြှင့်တင်ခဲ့ ပြီးနောက် အဆိုပါဘူးခွံများမှ အလွန်ပါးလွှာသည့် ချည်မျှင်များကို ထုတ်လုပ်နိုင်ခဲ့ကြောင်းနှင့် အဆိုပါ ချည်မျှင်များကို ဘက်စုံသုံးစွဲနိုင်မည့် ထုတ်ကုန်များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း Uniqlo လုပ်ငန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ