စဉ့်ကိုင်မြို့နယ်၌ အထူးဇုန် ဧက (၂၀၀)  စံပြကွက် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

 စဉ့်ကိုင် အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ်၌  စိုက်ပျိုးရေးဦးစီးဌာန ၊တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူး ၊  တာ၀န်ရှိသူများနှင့် အထူးဇုန်  ဧက (၂၀၀)  စံပြကွက် မိုးနှောင်းချည်မျှင်ရှည်ဝါ  စိုက်ပျိုးသည့်  တောင်သူများ  တွေ့ဆုံဆွေးနွေးခြင်းကို  ယနေ့နံနက်(၁၀)နာရီက မီးသွေးဘုတ်ကျေးရွာအုပ်စု ၊ နတ်ရေကန်ကျေးရွာ ၊ ကွင်းအမှတ်(၄၆) စျ ရှိတောင်သူ ဦးကံတင်၏ စိုက်ခင်းနေရာတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
    
ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း၊ ဒုတိုင်းဒေသကြီး ဦးစီးမှူး ဦးစိုင်းသန်းအောင်၊  ကျောက်ဆည်ခရိုင်ဦးစီးမှူး ဦးစိုးနိုင် ၊   မြို့နယ်ဦးစီးမှူးဒေါ်စိုးစိုးနှင့် ၀န်ထမ်းများ၊  ဝါစိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။ '

စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ်တွင်  မိုး၊  မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ဧကစုစုပေါင်း (၆၈၃၉) ဧက စိုက်ပျိုးထားရှိပြီး  မိုးနှောင်းချည်မျှင်ရှည်ဝါ   အထူးဇုန်   ဧက  (၂၀၀)   စံပြကွက်ကို ရွှေတောင် -  ၁၀  ဝါမျိုးဖြင့် FS မျိုးစေ့ အဆင့်အသုံးပြု၍ မီးသွေးဘုတ်ကျေးရွာ အုပ်စုတွင် တောင်သူ(၄၁)ဦးဖြင့်  စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူးဒေါ်စိုးစိုး ထံက သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)