စဉ့်ကူးမြို့နယ်၌ ဖခင်ဖြစ်သူက ၂ နှစ်အရွယ် သမီးဖြစ်သူအား ရိုက်နှက်ရာမှ သေဆုံး

နေပြည်တော် ၃၀ ဇူလိုင် 

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ ဖခင်ဖြစ်သူက ၂ နှစ်အရွယ် သမီးဖြစ်သူအား ရိုက်နှက်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ စဉ့်ကူးမြို့နယ်၊ ထောက်ကြန့်ပင်ကျေးရွာနေ ဒေါ်ဥမ္မာဌေး (၃၉)နှစ်သည် တီဘီရောဂါဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသနေသည့် တစ်ရွာတည်းနေ မိတ်ဆွေဖြစ်သူ ကျော်မင်းဦးအား လူနာစောင့်အဖြစ် ဆောင်ရွက်နေရာမှ ဇူလိုင် ၂၉ ရက် နံနက် ၈ နာရီခွဲက နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် သမီးဖြစ်သူ မမိုး (၂)နှစ်မှာ ဝဲ/ယာပါး၊ ကျောကုန်းညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သားဖြစ်သူ အောင်ခန့် (၁၃)နှစ်အား မေးမြန်းရာ ဇူလိုင် ၂၈ ရက် ည ၁၀ နာရီခွဲက သမီးဖြစ်သူ မမိုးမှာ ငိုနေသဖြင့် ဖခင်ဖြစ်သူ ဇင်သူအောင်(ခ)ရှမ်းလေး (၃၄)နှစ်က ပါးရိုက်ပြီး ကိုင်ပေါက်ခဲ့ရာမှ ဒဏ်ရာရရှိသေဆုံးသွားခြင်းဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ ဇင်သူအောင်(ခ)ရှမ်းလေးအား လက်ပန်လှနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား