စဉ့်ကူးနှင့် မဘိမ်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၅ နိုဝင်ဘာ

လက်ပံလှနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ည ၈ နာရီတွင် စဉ့်ကူးမြို့နယ် နွယ်ရုံရဲကင်းစခန်းရှေ့တွင် ထွန်းနိုင် မောင်းနှင်ပြီး မျိုးမြင့်မြတ်(ခ)မျိုးမျိုး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၁၅ ပြားကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ငါးအိုးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ သုံးခွကျေးရွာနေ အောင်လင်းဇော်၏ယာတဲကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၇,၈၀၀၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် မြန်မာငွေကျပ် ၅ သိန်းတို့ကို  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား