Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ရှရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ အလှူငွေများ ပေးအပ်လှူဒါန်း

ရန်ကုန်  ၇  မေ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်  Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ မြန်မာနိုင်ငံဆိုင်ရာ ရှရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် () ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ရှရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Dr. Nikolay Listopadov က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ  ဒေါက်တာ ဇော်သန်းထွန်းထံ မြန်မာနိုင်ငံဆိုင်ရာ ရှရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး က အလှူငွေ ကျပ်(၂၂)သိန်း ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 

ယနေ့ Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ မြန်မာနိုင်ငံဆိုင်ရာ ရှရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ  လှူဒါန်းသည့် အလှူငွေကျပ်(၂၂)သိန်းကို ရှရှားသံရုံး မိသားစုများက စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

(သတင်း-မင်းသစ်(MNA)/ ဓာတ်ပုံ-ဇော်မင်းလတ်)